Ch 601 to 605

183 13 0
                                    


Chapter 601- ဒီစေ့စပ်ပွဲကို ဘယ်သူ ထောက်ခံဦးမလဲ

“ဘာ . .”

ယန်ချီက ဒီစကားကို ပြောလိုက်တဲ့အခါ လူတိုင်း အံ့အားသင့်သွားကြတယ်။

“မင်း . . မင်း ဘာပြောလိုက်တာလဲ”

လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်လည်း အေးစက်စက် ပြန်မေးလိုက်တယ်။

လီမျိုးနွယ်ရဲ့ ဂုဏ်သရေရှိခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သူ့ကို မည်သူကများ ဒီလိုမျိုး ပြောတာ မကြားဖူးပါဘူး။

စက္ကန့်အနည်းငယ်ကြာတော့ လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်က သတိပြန်ဝင်လာပြီး ယန်ချီကို စူးစိုက်ကြည့်လိုက်တယ်။

“ယန်ချီ မင်းက သေချင်နေတယ်လို့ ငါထင်တယ်”

“မင်းရဲ့ လက်ချက်နဲ့လား”

ယန်ချီက လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်ကို ထော်လော်ကန့်လန့်ကြည့်လိုက်ပြီး ဆက်ပြောလိုက်တယ်။ “ယန်ချီဆိုတဲ့ င့ါကို ဒီလို ပြောရဲတယ်ပေါ့”

လူမျိုးနွယ်က လူတိုင်းကတော့ ယန်ချီရဲ့ ပြောဆိုပုံတွေကြောင့် အလွန်တရာ ထိတ်လန့်နေခဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့တွေက ယန်ချီလို မောက်မာတဲ့ သူမျိုးကို တခါမှ မမြင်ဖူးခဲ့ကြပါဘူး။

ယန်ချီက အလွန်တရာကို မောက်မာပြနေခဲ့တယ်လေ။

သူတို့ရဲ့ မျက်မြင်ကိုယ်တွေ့သာ မဟုတ်ဘူးရင် စိတ်ဝိဉာဉ်ကုန်းမြေမှာ ဒီလို မောက်မာတဲ့ လူမျိုးကို ရှိလိမ့်မှာ မဟုတ်ဘူးလို့ မှန်းဆနေခဲ့ကြတယ်။

“ယန်ချီ တိုက်ခိုက်တော့”

လီမျိုးနွယ်ခေါင်းဆောင် လီချောင်ယွင်က သူ့ရဲ့ ဆက်နွယ်မှု လက်နက်နဲ့ ယန်ချီကို အနိုင်ယူဖို့ လုံလောက်တာကြောင့် သူ့ရဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်မခေါ်ခဲ့ပါဘူး။

စိတ်ဝိဉာဉ်လက်နက် ထုတ်ပြီး တိုက်ခိုက်ဖို့ဆိုတာက ယန်ချီက မထိုက်တန်ပါဘူး။

လီချောင်ယွင်ရဲ့ စကားသံ ဆုံးသွားတာနဲ့ သူက ယန်ချီဆီကို ခြေတစ်လှမ်းနဲ့ ပြေးဝင်လာခဲ့တယ်။ အမြန်နှုန်းက အလွန်တရာကို မြန်ဆန်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now