Ch 606 to 610

190 18 0
                                    


Chapter 606 - မင်းင့ါကို ရယ်စရာ ပြောနေတာလား

ကျုံနန်ကျောင်းရင်ပြင်မှာ ရှိတဲ့ လူတိုင်းကတော့ သိုင်းပညာမျှော်စင်ရဲ့ အထပ်တရာမြောက်လင်းလက်သွားတာကို မြင်တော့ သူတို့ရဲ့ မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပြည့်နှက်သွားခဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟိုတျန်းတူက သိုင်းပညာမျှော်စင်ရဲ့ ထိပ်ဆုံးအထပ်မှာ ရှိနေတာကြောင့်ပါ။

ဒီအချိန်မှာတော့ လူတိုင်းက ယန်ချီတစ်ယောက် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟိုတျန်းနတ်ဆိုးတူကို မြင်နေပြီဖြစ်ကြောင် းသိလိုက်တယ်။

သူတို့တွေက ယန်ချီအနေနဲ့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် ဟိုတျန်းနတ်ဆိုးတူကို အောင်မြင်စွာ ဖမ်းယူနိုင်မလားဆိုတာ သိချင်စိတ်ကြောင့် စိတ်ထဲ တဒုန်းဒုန်း ဖြစ်နေသလို ခံစားနေခဲ့ရတယ်။

သိုင်းပညာမျှော်စင်ထဲမှာတော့ .. . ။

ယန်ချီက အထပ်တစ်ရာမြောက်ဖြစ်တဲ့ ထိပ်ဆုံးအထပ်မှာ ရှိနေခဲ့တယ်။

သူ့အနေနဲ့ သိုင်းပညာမျှော်စင်ရဲ့ အထပ်တစ်ရာမြောက်က အထပ်တစ်ရာ ပီသစွာ စိတ်ဝိဉာဉ်စွမ်းအင်တွေများစွာ ရှိနေခဲ့တယ်။

ဒါပေမယ့်လည်း သူက သိုင်းပညာမျှော်စင်အထပ်တရာကို တက်လာတာက လေ့ကျင့်ဖို့အတွက် မဟုတ်ပါဘူး။ သူ့အရှေ့မှာတော့ အစွမ်းထက်ပြီး နတ်ဆိုးဆန်တဲ့ အရှိန်အဝါဖိအားတွေ ထုတ်လွှတ်နေတဲ့ ပြိုင်ဖက်ကင်း တူတစ်လက် ရှိနေခဲ့တယ်။

ဒီတူက လုံးဝကို အနက်ရောင်ရှိပြီး ငါးပေ သုံးလက်မ ရှည်လားပြီး နတ်ဆိုးအရှိန်အဝါတွေ အဆက်မပြတ်ပေါ်ထွက်နေတာ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။

“ဒါက ဟိုတျန်း နတ်ဆိုးတူလား”

ယန်ချီက တူကို မြင်လိုက်တဲ့အခါ အံ့အားသင့်တဲ့ အငွေ့အသက်တွေ သူ့မျက်နှာထက်မှာ ပေါ်လာခဲ့တယ်။

အဲ့ဒီတော့ ယန်ချီ စဉ်းစားမနေတော့ပဲ ဟိုတျန်း နတ်ဆိုးတူ သီးသန့်ဖမ်းဆီးတဲ့ ကျော့ကွင်းကို အသုံးပြုလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now