Ch 611 to 615

182 12 0
                                    


Chapter 611 - ကြောက်လန့်သွားကြတဲ့ ဓါးမြတွေ

“ဟူး. . ”

ခေါင်းဆောင် လူကြီးနဲ့ နောက်လိုက်တွေအားလုံး မဖြစ်နိုင်တာ တစ်ခုကို မြင်လိုက်ရသလို ပင့်သက်ရှိုက်မိလိုက်ကြတယ်။

“ကျုံနန်ကျောင်း၊ ကောင်းကင်ဓါးဂိုဏ်း”

ဒီအင်အားစုနှစ်ခုက အလယ်ပိုင်းဒေသမှာ အစွမ်းထက် အင်အားစုနှစ်ခုပါ။ သူတို့တွေက အရင်က သတိမပြုမိခဲ့ပေမယ့် သူတို့တွေ တားဆီးလိုက်တဲ့ သူတွေက ဒီလို အစွမ်းထက် နောက်ခံရှိတဲ့ လူတွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်လိုမှ မထင်မိပါဘူး။

ရုတ်တရက် ခေါင်းဆောင်လူကြီးနဲ့ နောက်လိုက်တွေအားလုံး ခန္ဓာကိုယ်တွေ တုန်ယင်လာခဲ့ပြီး ချွေးတွေထဲ ရွဲစိုလာခဲ့တယ်။

“မင်း . .မင်း. . ”

ဒီအချိန်မှာတော့ ခေါင်းဆောင်လူကြီးက ဘယ်လိုလုပ်ပြီး စကားကို ဆုံးအောင်ပြောနိုင်တော့မှာလဲ။ သူ့မျက်နှာထက်မှာလည်း ကြောက်လန့်မှုတွေ ပြည့်နှက်နေခဲ့တယ်။

“လာခဲ့လေ”

ရုတ်တရက် ယန်ချီက ခေါင်းဆောင်လူကြီးကို လက်ညိုးညွှန်ပြီး ကွေးညွှတ်ကာ ခေါ်လိုက်တယ်။

ခေါင်းဆောင်လူကြီးကလည်း အံ့အားသင့်နေခဲ့တယ်။ ယန်ချီက သူ့ကို ဘာကြောင့်လှမ်းခေါ်မှန်း နားမလည်ခဲ့ပါဘူး။

“ငါ. .  ငါ ဘာဆက်လုပ်ရမလဲ”

ခေါင်းဆောင်လူကြီးက ယန်ချီကို အံ့သြမှင်သက်စွာနဲ့ ကြည့်ပြီးမေးလိုက်တယ်။

ယန်ချီကတော့ တည်ငြိမ်စွာနဲ့ ပုံမှန်အတိုင်း ပြောလိုက်တယ်။

“ဒီလိုလာခဲ့ ငါ မင်းကို သတ်ပေးမယ်”

“ဘာ . .ဘာ.. . ”

ဒီစကားကို ကြားတော့ ခေါင်းဆောင်လူကြီးက ထိတ်လန့်သွားခဲ့တယ်။ ယန်ချီက ဒီစကားကို တကယ်ကြီး ပြောလိမ့်မယ်လို့ ဘယ်လိုလုပ်ပြီး ထင်ထားမိမှာလဲ။

“ငါ .. ငါ မသေချင်သေးဘူး”

တကယ်တမ်းလည်း ခေါင်းဆောင်လူကြီးက သူ့အနေနဲ့ သူ့အရှေ့မှာ ရှိတဲ့ လူတွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်မှန်း သိပါတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now