Ch 621 to 625

182 14 0
                                    


Chapter 621 - လုယူမယ့်လူတွေ

အစွမ်းထက် အဆိပ်နတ်ဆိုးသားရဲက ယန်ချီကို စူးစိုက်ကြည့်နေခဲ့တယ်။ သူက ယန်ချီရဲ့ အခြေအနေကို အကဲခတ်နေတဲ့အတွက် ချက်ချင်း ဝင်ရောက် မတိုက်ခိုက်ခဲ့ပါဘူး။

“လူသား မင်းကို ကြည့်ရတာ အစွမ်းထက်မယ့်ပုံပဲ”

အဆိပ်နတ်ဆိုးသားရဲက ယန်ချီကို ပြောလိုက်တယ်။

ယန်ချီ မှန်းဆထားတာ မမှားပါဘူး။ သူ့အရှေ့မှာ ရှိတဲ့ အစွမ်းထက် အဆိပ်နတ်ဆိုးသားရဲ အဆင့်ငါး နတ်ဆိုးသားရဲတစ်ကောင်ပါ။

အဆင့်ငါး အဆိပ်နတ်ဆိုးသားရဲတစ်ကောင်က ပြောလိုက်တာကို ကြားတော့ ယန်ချီက မအံ့အားသင့်မိပါဘူး။

“တကယ်တော့ ငါက မင်းထင်သလောက် မသန်မာပါဘူး”

ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ အဆင့်ငါး နတ်ဆိုးသားရဲကို ကြည့်ပြီး ပြောလိုက်တယ်။ “ဒါပေမယ့် မင်းကိုတော့ အလွယ်တကူ သတ်နိုင်တယ်”

အဆင့်ငါး အဆိပ်နတ်ဆိုးသားရဲကတော့ ယန်ချီရဲ့ စကားလုံးတွေကြောင့် ဒေါသထွက်နေခဲ့ပြီး သူ့မျက်လုံးကနေတောင် အခိုးအငွေ့တွေ ထွက်နေသလို ဖြစ်နေခဲ့တယ်။

“လူသား မင်း ဒီစကားကို ပြောလိုက်တဲ့အတွက် ဘာဖြစ်မလဲဆိုတာ မင်းသိလား”

အဆင့်ငါး အဆိပ်နတ်ဆိုးသားရဲက ယန်ချီကို ဒေါသတကြီးမေးလိုက်တယ်။

ယန်ချီကတော့ တည်ငြိမ်တဲ့ အမူအယာနဲ့ ခေါင်းခါလိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်တယ်။ “အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ မင်းအသက်က သေတော့မှာ”

ဒီစကားကို ကြားတော့ အဆင့်ငါး အဆိပ်နတ်ဆိုးသားရဲက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ပါးစပ်ကြီးကို ဖွင့်ပြီး မီးတောက်တစ်ခုကို အလွန်တရာ မြန်ဆန်တဲ့ အလျင်နဲ့ ယန်ချီဆီကို ဦးတည် မှုတ်ထုတ်လိုက်တယ်။

ဒီမြင်ကွင်းကို မြင်တော့ ယန်ချီက မင်းမှာလည်း မီးတောက် ရှိတာ မဟုတ်ဘူး။ ငါလည်း ရှိတယ်လို့ တွေးမိပြီး တိတ်တဆိတ်ပြုံးလိုက်မိတယ်။

ချက်ချင်းပင် ယန်ချီက တိုက်ပွဲမီးတောက်ကျားကို ဆင့်ခေါ်လိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now