Ch 626 to 630

193 12 0
                                    


Chapter 626 - ပထမအဆင့် ပြိုင်ပွဲ ပြီးဆုံးခြင်း

အဆင့်ခုနှစ် အဆိပ်သားရဲက ယန်ချီနဲ့ သူ့ရဲ့ အဖွဲ့ဆီကို နောက်တစ်ကြိမ် ပြေးဝင်တိုက်ခိုက်ပြန်တယ်။

ဒီမြင်ကွင်းကို မြင်တော့ ယန်ချီက တိတ်တဆိတ် ခေါင်းခါယမ်းလိုက်တယ်။

ဒီ  အဆိပ်သားရဲက ဘာကြောင့်များ အခြေအနေကို နားမလည်တာပါလိမ့်။

ယန်ချီက လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို နောက်တစ်ကြိမ် ရုတ်တရက် မြောက်လိုက်တယ်။

“ဝှစ်”

ဓါးကို လေထဲ နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်တယ်။

ဓါးကို လေထဲဝှေ့ယမ်းလိုက်တော့ ဓါးသွားတစ်ထောင် မှော်ဓါးဆီကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်း ထွက်ပေါ်လာခဲ့တယ်။

ဒါပေမယ့် အဆင့်ခုနှစ်အဆိပ်သားရဲက ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်းကို ရှောင်တိမ်းနိုင်ခဲ့ပြီး ယန်ချီအနားကို ရောက်နေခဲ့ပါပြီ။

လင်းတျန်၊ လင်းယွဲ့နဲ့ အဖွဲ့သားတွေကလည်း အဝေးကို ရှောင်တိမ်းလိုက်ကြတယ်။

ယန်ချီအနေနဲ့ ဒီ အဆင့်ခုနှစ် အဆိပ်သားရဲရဲ့ တိုက်ခိုက်မှုကနေ ဘယ်လိုမှ မလွှတ်မြောက်နိုင်တော့ဘူးဆိုတာ သိနေတာကြောင့် သူတို့ရဲ့ မျက်နှာထက်မှာ ထိတ်လန့်မှုတွေ ပြည့်နှက်သွားခဲ့ကြတယ်။

ဒါပေမယ့်လည်း နောက်ထပ် မြင်ရမယ့် မြင်ကွင်းကိုတော့ သူတို့ ဘယ်လိုမှ တွေးမိမှာ မဟုတ်ပါဘူး။

အဆင့်ခုနှစ်အဆိပ်သားရဲက ယန်ချီရဲ့ ခန္ဓာကိုယ်နဲ့ ထိမှန်သွားတဲ့အခါမှာ ယန်ချီက အဲ့ဒီနေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။

“ဘာတွေ ဖြစ်သွားတာလဲ”

လင်းတျန်နဲ့ သူ့အဖွဲ့သားတွေအားလုံး အံ့အားသ့င့်စွာ ရေရွတ်လိုက်မိတယ်။

သူတို့တွေက ယန်ချီရဲ့ နေရာမှာ ပုံရိပ်တစ်ခုကိုသာ မြင်လိုက်ရတယ်။

သူတို့ရဲ့ အမြင်မှာတော့ အဲ့ဒီပုံရိပ်က မှော်ပုံရိပ်ယောင် တစ်ခုမျှသာ။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now