Ch 631 to 635

179 13 0
                                    


Chapter 631 - မမျှော်လင့်ထားတဲ့ တစ်ခု

လူတိုင်းက ယန်ချီရဲ့ စကားကို ကြားတော့ အံ့အားသင့် သွားကြတယ်။

“သူခိုးတွေကို ဖမ်းရမှာလား”

တကယ်တော့ သူတို့တွေက ဒီစကားကို ကြားဖူးပါတယ်။

ဒါပေမယ့် လူအများကြီးဆိုတော့ . .. ။

သူတို့တွေက ယန်ချီရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အလျင်ကို တွေးလိုက်ပြီးနောက် သူတို့ရဲ့ မျက်နှာထက်မှာ စိတ်လှုပ်ရှားတဲ့ အမူအယာ ပေါ်လာခဲ့ပါတယ်။

သူတို့တွေက ဖြစ်လာမယ့် မြင်ကွင်းကို မြင်ယောင်ကြည့်ပြီး အလွန်တရာကို စိတ်လှုပ်ရှားသွားခဲ့ကြတယ်။

ဒီလို မြင်ကွင်းမျိုးကို သူတို့အနေနဲ့ တသက်လုံး ဘယ်လိုမှ မေ့လို့ ရမှာ မဟုတ်တော့ပါဘူး။

“ယန်ချီ တန်ဝူနဲ့ အခြားသူတွေ ဒီကိုလာမယ်ဆိုတာ ဘာလို သိတာလဲ”

လင်းယွဲ့က ယန်ချီကို နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။

ယန်ချီက တည်ငြိမ်စွာ ပြောလိုက်တယ်။

“ဒါကို သုံးလိုက်မယ်လေ”

ချက်ချင်းပင် ယန်ချီက အဆောင်တစ်ခုကို ထုတ်ယူလိုက်တယ်။

ယန်ချီက ဒီအဆောင်စာရွက်ကို မနေ့တုန်းက သူတို့ကို ရန်လာရှာတဲ့ လူငယ်တွေဆီကနေ ရခဲ့တာပါ။

ယန်ချီရဲ့ လက်ထဲက အဆောင်ကို ကြည့်ပြီး ကျန်တဲ့ လူငယ်တွေအားလုံး နားလည်သွားကြတယ်။

ယန်ချီက စဉ်းစားမနေတော့ပဲ လက်ထဲက အဆောင်ကို အသုံးပြုလိုက်တယ်။

အခြားတနေရာမှာတော့ လူငယ်များစွာက စုဝေးနေခဲ့ကြတယ်။

အဲ့ဒီလူငယ်များစွာထဲက ချောမောခန့်ညားတဲ့ လူငယ်တစ်ယောက်က လက်ထဲမှာကိုင်ထားတဲ့ အဆောင်ကို ကြည့်ပြီး နှာခေါင်းရှုံ့မိလိုက်တယ်။

ဒီလူငယ်ကတော့ အခြားသူမဟုတ်ပါဘူး။ သူက တန်ဝူပါ။

သူက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ်။ “မမျှော်လင့်စွာပဲ ယန်ချီက အဆောင်ကို အသုံးပြုလိုက်တာ တကယ်ကို ရယ်စရာ ပဲ”

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now