Final*Ego dominated love(Dotae)

385 32 0
                                    

Yong...သူ့ရင်ခွင်ထဲ ပင့်သပ်ရှိုက်ကာ ငိုနေတဲ့ ခန္ဓာကိုယ် ပိန်သေးသေးလေးနဲ့ ကောင်လေးကို ပွေ့ဖက်ဖို့အတွက် သူ့လက်ထဲက ဆေးလိပ်ကို အနားရှိ အမိုက်ပုံးထဲ ပစ်ထည့်လိုက်ပြီး တသိမ့်သိမ့်တုန်နေတဲ့ ကောင်လေးကို ဖက်ထားပေးလိုက်သည်။

အတန်ကြာမှ ရင်ခွင်ထဲက ကောင်လေးက အငိုတိတ်သွားပြီး Yong ရင်ခွင်ထဲက နေထွက်ကာ သူ့မျက်နှာကို မော့ကြည့်ရင်း လက်ဖဝါးနုနုတို့က တုန်ယင်ကာ သူ့ပါးပြင်ပေါ် အုပ်ကိုင်လို့လာခဲ့သည်။

''ထယ်ယုံး.....''

''မင်းက ယုံးငယ်ရဲ့ ကောင်လေးလား ''

ပါးပြင်ပေါ်က လက်ချောင်းနုနုလေးတွေကို TYong သူ့လက်နဲ့ဖမ်းအုပ်ကာ ရပ်တန့်စေလိုက်တော့ နီရဲနေတဲ့ မျက်ဝန်းလေးတွေက သူ့မျက်လုံးကိုစူးစိုက်ကြည့်လို့အံ့သြနေသယောင်...

"ငါက ယုံးငယ်ရဲ့ အမြွှာအကို Tyongပါ Taeyongနဲ့ တူတယ်မလား... ''

Doyong လက်တို့ကို ရုတ်သိမ်းလိုက်ကာ ခြေနှစ်လှမ်းလောက်နောက်ဆုတ်ပြီး ခပ်ကြဲကြဲ ခြေလှမ်းတွေနဲ့ စျာပနခန်းမရှေ့ကနေ ပြေးထွက်သွားခဲ့သည်။

*သောက်ရှက်မရှိလိုက်တာ ကင်ဒိုယောင်းရယ်...မင်းဘာတွေမျှော်လင့်နေတာလဲ... သေပြီးတဲ့သူက ပြန်ရှင်လာရအောင် ဒါက ရုပ်ရှင်လဲမဟုတ်နေဘူး! အိပ်မက်လဲ ဟုတ်မနေဘူး... *

Doyoung ကိုယ့်ဘာသာ သတိပေးရင်း မျက်ရည်စက်လေးများက တွဲခိုမနိုင်တော့သယောင်စီးကျလာခဲ့ပြီး ဘတ်စ်ကားပြတင်းပေါက်လေးမှီကာ အပြင်ဘက်ကို ငေးရင်း အိမ်ပြန်လမ်းကို အတွေးပေါင်းစုံနဲ့ ပါလာခဲ့သည်။

''Lee TYong...အငယ်ကောင်ရဲ့ ပြာအိုးထားဖို့အတွက် နေရာသွားစီစဥ်ပေးအုံး''

''ဟုတ်ကဲ့ ဒေါ်လေး....''

စျာပနခန်းမထဲက အဒေါ်ဖြစ်သူရဲ့ ပြောသံကြောင့် Tyong ခေါင်းငြိမ့်ကာ ခန်းမရှေ့ကနေ အထဲ ပြန်ဝင်လိုက်ပြီး Taeyong ပြာအိုးထားရန်အတွက် မှန်အခန်းကန့်လေးသွားဝယ်ဖို့ စာရွက်စာတန်းသွားလုပ်မယ့်နေရာကို သွားလိုက်သည်။

စျာပနာခန်းမရှေ့က ပြေးထွက်သွားတဲ့ အနက်ရောင်ဖဲသားရှပ်အင်္ကျီsizeပွပွ ဖရိုဖရဲလေးကို စတိုင်လ်ပန်အသားပျော့ပျော့ အနက်ရောင်လေးနဲ့ တွဲဝတ်ထားတဲ့ ရိုးရှင်းတဲ့ကောင်လေးရဲ့ နောက်ကျောပြင်လေးကို သူ့မျက်လုံးထဲ မြင်ယောင်လာရပြန်သည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now