Dripping(DoTae)Two Shot

582 36 5
                                    

Two shot (No.1)

Warning

''အကို... ကျွန်တော် အကို့ကို ပြောပြီးပြီထင်တယ် ''

''မင်း ဘာမှလာရှင်းပြစရာမလိုဘူး ယောင်း...''

''အကိုက ကျွန်တော့်ကိုမယုံဘူးလား''

''ငါမျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာတောင် ငါက မင်းကို ယုံကြည်ပေးရမှာလား ယောင်း ''

''အဲ့တာ သူအကူအညီလိုနေလို့ သူမ ဆံပင်နဲ့ ဆွဲကြိုးညှိနေလို့ ကျွန်တော်က အမြင်မတော်လို့ကူဖြေပေးရုံလေးပဲ''

''သြော်...ဆွဲကြိုးနဲ့ဆံပင်ကူဖြေပေးနေတဲ့အနေအထားက ဟိုက မင်းရင်ခွင်ထဲကို ဝင်နေတဲ့အထိလား ယောင်း...''

''အကို ကျွန်တော့်ကို သဝန်တိုတာ သိပေမယ့် ဒီလောက်အထိကြီးကျ...''

''ယောင်း....အကိုက မင်းဘာလုပ်လုပ် အမြဲမသိချင်ယောင်ဆောင်ပြီး အလိုက်သင့်နေပေးနေလို့ စောက်ပေါကြီး ထင်နေတာလား ''

''တော်ပြီ အကို...ကျွန်တော်တို့ ပြသနာဆက်မဖြစ်ချင်တော့ဘူး ဘာမဟုတ်တဲ့ကိစ္စလေးကို အကို ပုံကြီးချဲ့နေတာ တော်လိုက်တော့ ''

ထမင်းစားဝိုင်းကနေ ထထွက်သွားတဲ့ ကောင်လေးကို အနောက်မှာကျန်ခဲ့တဲ့ Taeyongက ထရပ်ကာ ပြောလိုက်တဲ့စကားကြောင့် ထိုကောင်လေးက နေရာမှာတင် ရပ်တန့်လို့သွားသည်။

''မင်း အဲ့ဒီ အမျိုးသမီးခါးကို ဖက်ပြီး ရောက်ခဲ့တဲ့ကမ်းခြေကရော ဘာလဲ ယောင်း... အဲ့ဒီအမျိုးသမီးရဲ့ နှုတ်ခမ်းတွေကိုနမ်းရှိုက်နေတာတောင် ဘာမှမပြောခဲ့တာ ငါမင်းကိုသိပ်ချစ်လွန်းလို့လေ ကင်ဒိုယောင်းရဲ့....ငါဘာမှမသိဘူးလို့မင်းထင်နေသလား ယောင်းငယ်... ''

ပြောနေရင်း မျက်ရည်ကျကာ သူ့ဆီလျှောက်လာတဲ့ Taeyongကို Doyoungငေးကြည့်နေတုန်း သူ့ရင်ခွင်ထဲ ဝင်လာကာ သူ့ခါးတွေကို တင်းကြပ်စွားဖက်တွယ်ထားတဲ့ အကို...

''ငါ့ကိုထားမသွားပါနဲ့ ယောင်း....''

''အကိုကအရူးလား ရူးနေပြီလား ''

ရင်ခွင်ထဲက အကိုသေးသေးလေးကို Doyoung
တင်းကြပ်စွာပြန်လည်ဖက်တွယ်ထားရင်း အဖြူရောင်ဆိုးထားတဲ့ ဆံပင်လေးတွေကို အရှိုက်ထိသည်အထိ နမ်းရှိုက်လိုက်သည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now