27(Uni+Zaw)

366 66 2
                                    

Chapter(27)ပျော်ရွှင်စရာမွေးနေ့ပါ

ဝမ်ဘိုသည် လင်းယုတုန်၏ရည်ရွယ်ချက်ကို မသိပေမဲ့ သူက ကျန်းရီဖေး၏မွေးနေ့ရောက်တော့မည်ဆိုတာသိသည်။အရင်တုန်းကဆိုရင် ကျန်းရီဖေး၏မွေးနေ့အတွင်းမှာ ဝမ်ဘိုက ကျန်းရီဖေးကိုလက်ဆောင်ပေးလိမ့်မှာဖြစ်ပြီး ဒီနှစ်မှာလည်း ချွင်းချက်မရှိဘူး။

လင်းယုတုန်သည် ဦးလေးဝမ်က ဝါးပန်းချီတစ်ချပ်ဝယ်ပြီး အိမ်ကိုယူလာတော့မြင်တော့ သူ့မွေးနေ့လည်းမဟုတ်တာကြောင့် ဦးလေးဝမ်က အိမ်အလှဆင်ဖို့ဝယ်လာတယ်ထင်ပြီး သူကပေါ့ပါးစွာပြောလိုက်တယ် "ဦးလေးဝမ်...ဦးလေး ဝါးပန်းချီတွေကိုနှစ်သက်တာလား?"

ဝမ်ဘိုက ပြောလိုက်တယ် "ဒီဝါးပန်းချီက သခင်လေးအတွက်ပါ။သခင်လေးရဲ့မွေးနေ့ရောက်တော့မယ်။ဒီနှစ်ရက်အတွင်းမှာ ဦးလေးက ဗီလာကို ပြင်ဆင်ရာမှာ သွားကြီးကြပ်ဖို့စဉ်းစားထားတယ်။ဒါကြောင့် ဦးလေးက တစ်ခါတည်း လက်ဆောင်ပါ ဝယ်လာခဲ့တာ။နောက်မှ သူ့ကိုပြောရမယ်"

လင်းယုတုန်က ဝါးပန်းချီကို ထိကြည့်လိုက်တော့ စိမ်းလန်းသည့်အရွက်တွေက တော်တော်လေး ဆွဲဆောင်မှုရှိသည်ကိုတွေ့ရပြီး ပြောလိုက်တယ် "ကောင်းပါပြီ။ဒါပေမဲ့ သူတို့ ဗီလာကို ပြင်ဆင်မှုလုပ်ရာကိုတော့ ဦးလေးမသွားသင့်ဘူး။ဦးလေးရဲ့ကျန်းမာရေးအတွက် အနံ့အသက်တွေ မကောင်းဘူး။ဦးလေး အသက်ကြီးလာရင် ကိုယ့်ခန္ဓာကိုယ်ကို ပိုဂရုစိုက်ဖို့လိုသေးတယ်"

ဦးလေးဝမ်က ရှက်ရွံ့စွာပြုံးလိုက်ပြီး "သခင်မလေး စိတ်အတိုင်းပါဘဲ။ဒါပေမဲ့ ကျွန်တော်က ဒီရက်အနည်းငယ်အတွင်းမှာ ကျွန်တော်က အလုပ်မလုပ်ဘဲ မနေနိုင်ဘူး။ကျွန်တော်အရင်ကလုပ်နေတဲ့ပုံနဲ့ သခင်လေးတို့အတူနေတဲ့ပုံက ကမ္ဘာနှစ်ခုမှာနေထိုင်တာဘဲ။ကျွန်တော် ဒီကိုရောက်ကတည်းက အရင်ကလိုမဟုတ်တော့ဘူး။ဒီအချိန်မှာ လူငယ်တွေက ဘာပြောကြမလဲ?အင်း..ဟုတ်တယ်..မီးလုံးတွေ..ဒီလူက အသက်ကြီးတယ်..အာ...အတားအဆီးရှိနေသလိုဖြစ်နေတယ်။ဒါကြောင့် ကျွန်တော် နှစ်ရက်လောက် အပြင်ထွက်ဖို့ စီစဉ်ထားတယ်"

လင်းယုတုန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဦးလေးက အတွေးအမြင်သစ်ရှိတာဘဲ။ဒါဆို ကျွန်တော် ဦးလေးကို မယဉ်ကျေးတော့ဘူး။ဒါပေမဲ့ ဦးလေးက အိမ်မှာဘဲတစ်ရက်လောက်နေအုံး...ဗီလာမှာမနေပါနဲ့။ကျွန်တော် ဦးလေးအတွက် နေရာကောင်းတစ်ခုရှာပေးမယ်။မဟုတ်ရင် ရီဖေးနဲ့လွှဲသွားလိမ့်မယ်"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now