{>ချစ်ဒုက္ခ<}[oneshort]
ကလင် ကလင်
"ဘေးဖယ် ဘေးဖယ် စက်ဘီးဘရိတ်မမိဘူး"
အသံပေးမှုကို ကောင်လေးကတိမ်းရှောင်ပါတယ်..။
ဟန်တယ်မငြိမ်တဲ့စက်ဘီးလက်ကိုင်က တရှိန်ထိုးယိမ်းလှည့်လို့ ပွတ်ဆွဲမိသွားတယ်။
ဘရိတ်မသတ်တဲ့စက်ဘီးက အုတ်ဘောင်နဲ့တိုက်မှအရှိန်ရပ်ကျသွားတယ်...။စက်ဘီးကို ဒေါက်တောင်ထောက်မနေတော့ဘူး လဲကျနေတဲ့ကောင်လေးဆီ အလျင်အမြန်သွားရတာ..။
"ညီလေး ဘယ်နားထိသွားလဲဟင်"
မျက်နှာလေးအရောင်ရင့်လို့ ခေါင်းလေးခါပြတယ်။
ရင်ဘတ်ထဲ လိပ်ပြာတစ်ကောင်ဖြတ်ပြေးသလိုပဲ။
တံတောင်ဆစ်နဲ့ဒူးမှာ ပွန်းပဲ့တွေရှပ်နေတယ်၊ နှုတ်ခမ်းမှ
အံခဲထားပုံက သူ့အသည်းအား စည်းချနေပုံပါ"ဘယ်ဟုတ်မလဲ အကို့ကြောင့်ဖြစ်ရတာ အကိုဆေးခန်းလိုက်ပို့မယ်နော်"
အတင်းငြင်းတဲ့ကောင်လေးက ခေါင်းမာပုံလေးပေမယ့်
ဆိုးသွမ်းပုံလေးတော့မပေါ်..။
အိမ်ထိလိုက်ပို့မယ်ဆိုတော့ လဲကျနေတဲ့စက်ဘီးကို တွေတွေလေးကြည့်ပြီး အင်တင်တင်မျက်နှာလေးနဲ့"ဒီစက်ဘီးနဲ့လားဟင်"
"ဟို..စက်ဘီးကနင်းလို့ရပါသေးတယ်"
ကြောက်ကြောက်လန့်လန့်မျက်နှာလေးက စိုးရိမ်မှုအပြည့်၊ အသည်းယားလွန်းတာကြောင့် နှုတ်ခမ်းကိုကိုက်ထားမိတယ်။
ဒီလိုပဲ ကျောင်းပိတ်ရက်တစ်ခုမှာ ငယ့်ကိုစတွေ့ခဲ့တာ..။
--------
တွေ့ဆုံပေးရုံတင်မက အရောက်ပို့ပေးလိုက်တဲ့ ကံတရားက ငယ် ဟာကျွန်တော်တို့အိမ်ဘေးကအသစ်ပြောင်းလာတဲ့ အိမ်ရှင်တွေဖြစ်နေခဲ့တယ်
ကျွန်တော်ဖြင့် ပျော်လိုက်တာဆိုတာ..။
ခြံထဲ ပန်းပင်တွေရေလောင်းတဲ့ငယ့်ကို ညနေတိုင်းခိုးကြည့်ရတာ အကျင့်တစ်ခုလိုပဲ၊
အရောင်ကြွကြွဖူးဖူးပန်းပင်ငယ်တွေက ငယ်နဲ့ယှဉ်ရင်
ညိုးမှိန်နေတတ်တယ်။
ငယ် က ယောက်ျားလေးပေမယ့် နူးညံ့မှုတမျိုးနဲ့လှပါတယ်..။