သတို့သမီးလေး

5.2K 79 1
                                    

"သတို့သမီးလေး ...."GL (One shot)

သူနင်းလျှောက်လိုက်တဲ့ ခြေလှမ်းတိုင်းဟာ အားမာန်အပြည့်ဖြင့် ကြွရွနေတော့သည် ။ ကတ္တရာလမ်းမကြီးမို့သာ သူ့​ခြေလှမ်းတွေကို ခံနိုင်ရည်ရှိနိုင်၏။ ထိုခြေလှမ်းအကွာအဝေးတစ်ခုနှင့်တစ်ခုက ပုံမှန်ခြေလှမ်းထက် နှစ်ဆကျယ်ပြန့်နေသည် ။ ဒီအကွာအဝေး ၊ ဒီအားမာန်ကိုပင် သူ့မှာ အားမလိုအားမရ ဖြစ်ရ၏။ ဘာကြောင့် မျက်စောင်းထိုး ထိုအိမ်က သူ့အိမ်နှင့် အလှမ်းဝေးတယ်လို့ ခံစားရပါလိမ့် ။

ဟော...ရောက်ချင်နေသော ထိုခြံဝန်းရှေ့ ရောက်သော် သူ့စိတ်တွေက ဂယောက်ဂယက် ။ သူအလွန်ပင် စိတ်လှုပ်ရှားနေမိသည် ။ တက္ကသိုလ်သွားတက်တဲ့ လအနည်းငယ်ကိုပင် အလွမ်းကို ခံစားသိမြင်ခဲ့သည် မဟုတ်ပါလား ။

တီးတောင်~~~~

လူခေါ်ဘဲ(လ်) အသံနှင့်အတူ သူ၏ရင်အစုံမှာ ထပ်တူထပ်မျှ မြည်ဟိန်းနေ၏။ ထိုအရာတွေက သူသိထားမိလာသော အချစ်ဆိုတဲ့ အရာတွေ၏ အစပင် ။ အချစ်မှတစ်ဆင့် အလွမ်းထုထည်ကြီး ရင်ဝယ်ပိုက်ကာ အမျိုးသမီးလေးကို သူတွေ့ချင်နေပါပြီ ။

အညိုရောင်ဆံနွယ်ရှည်လေးတွေ လေတွင် ယိမ်းထိုး၍ အပြာနုပွင့် ဂါဝန်အတိုလေးက ပြေးလာသော လေအရှိန်ကြောင့် နောက်ပါးသို့ လွှင့်နေ၏။ ပန်းဆီရောင်ဆိုးထားသော နှုတ်ခမ်းပါး တစ်စုံဟာ ဖွင့်ဟ၍ အပြုံးဆင်မြန်းလျက် ။ ပြုံးရယ်နေမှုကြောင့် မို့တက်သွားသော ပါးမို့မို့လေးကြောင့် အညိုရောင်မျက်ဆံလေးတွေက သိပ်မပေါ်လွှင်တော့ ။ အမျိုးသမီးလေးက ထိုပုံစံလေးအတိုင်း သူ့ဘဝထဲ ပြေးဝင်လာလျှင် ဘယ်လောက်ကောင်းလိမ့်လေမလဲ ။

"ဝသုန် ဘယ်တုန်းက ပြန်ရောက်နေတာလဲ "

ခြံဝသို့ ရောက်လျှင်ချက်ချင်း ခြံတံခါးဖွင့်ရင်း သူ့အား အမေးစကားဆိုလာသော အမျိုးသမီးလေး ။ ပြေးလာလို့ မောနေပုံ မပေါ်ဘဲ အပြုံးချိုချိုတစ်ခွက် သူ့အား ဆီးကြို တိုက်ကျွေးလာ၏။ သူနှင့် မတိမ်းမယိမ်းရှိနေသော အမျိုးသမီးလေး၏ အရပ်ကြောင့် မျက်နှာလေးအား ငေးကြည့်နေမိသည် ။

"အခုပဲ တီငယ်"

"လာ လာ နေပူတယ် အိမ်ထဲအရင်ဝင်မယ်"

သတို့သမီးလေး/သတို့သမီးလေးWhere stories live. Discover now