ရက်စွဲ (၂၀)

321 33 7
                                    

ပြီးဆုံးသွားသော အစ်ကို့ပန်းချီကားချပ်ကိုသာ ငေးစိုက်ကြည့်နေမိသည်။ အစ်ကိုပြောတာ သူ့အိမ်မှာထားစရာနေရာမရှိသေးဟုဆိုကာ စူးကျယ်အောင်ကိုပဲ ဆက်လက်သိမ်းထားစေသည်။ ရင်ထဲမှာတော့တစ်မျိုးပင်။ အစ်ကို သူ့ပန်းချီကားကို မကြိုက်၍များလား၊ ပြီးတော့အစ်ကိုဟာ အနုပညာ နှင့် နုနုရွရွများကိုလဲ သိပ်မခံစားတတ်ပေ။ လူကြီးပေမို့ ထင်ပါသည်။ အစ်ကို့ စိတ်ထဲ အမြဲတမ်း အလုပ် အလုပ်ဟုသာ တွေးနေသည်။ ပန်းချီကားလေးဟာ အသက်တော့မဝင်လှပါ။ ဝါသနာရှင်အဆင့် ဆွဲထားသော အဝါရောင်ခပ်များများ ကော်ဖီဆိုင်လေး ဖြစ်သည်။ အစ်ကိုနှင့်ပထမဆုံး နှစ်ကိုယ်ကြားတွေ့ခဲ့သော ဆိုင်လေးမှာ အမှန်တယ်ပင် မှန်အနက်များနှင့်ဆိုင်ရှေ့ကို ကာရံထားသည်။ ထိုမှန်အနင်ပေါ်မှာတော့ စားသောက်ဖွယ်ရာ မီနျူးများကို ကပ်ထားသည်။ စားစဟာကော သောက်စရာပါ ဖြစ်သည်။ သို့သော် ပန်းချီကားထဲတွင်တော့ ထိုမီနျူးနေရာတွင် အကုန်လုံးမှာ ကော်ဖီ နာမည်များသာဖြစ်သည်။ အစ်ကိုဟာ ကော်ဖီကြိုက်တတ်သူမို့ တမင်ပြောင်းရေးထားခြင်းဖြစ်ပါသည်။မနေ့ကစူးကျယ်အောင် အပူ အအေးမမျှသဖြင့်လည်ချောင်းနာချင်နေသည်။

_____________________

"ဟလို"
"အေး၊ ဘာတွေလုပ်လဲ"
အစ်ကို့ဆီမှ ဖုန်းဖြစ်သည်။
"ဘာမှမလုပ်ပါဘူးအစ်ကိုရယ် ဒီလိုပါဘဲ"
"လာမလို့လေ"
ထိုစကားသံကြားတိုင်း ပထမဆုံးရင်ခုန်သကဲ့သို့ ရင်ခုန်သံများပြန်လည် နုပျိုလာရပြန်သည်။
"အော့်၊ လာခဲ့လေ"
"အေး မင်းဘာစားမလဲ၊ ကိုယ် ခု ကော်ဖီဆိုင်ရောက်နေတာ၊ အလုပ်ကလူတွေနဲ့ တွေ့နေတာ ခဏနေပြီးတော့မှာ၊ ဘာဝယ်ခဲ့ရမလဲ"

"အင်း.... တစ်ခုခုပေါ့"
"အိုခေ ရောက်ရင်ဖုန်းဆက်လိုက်မယ်"
"ဟုတ်"
စူးကျယ်အောင် ကဗျာကယာ ရေချိုးခန်းထဲပြေးဝင်သွားငည်။ ညစ်ပတ်မနေသော်လဲ အစ်ကိုနှင့်တွေ့ရမည် ဆိုတော့ အသန့်ဆုံး ဖြစ်နေရမည်ဟု တစ်ကိုယ်ရည်စည်းကမ်းချမှတ်ထားသည်။ရေချိုးပြီးတော့ အောက်ခဏဆင်းကာ အစ်ကို့အတွက် ဘီယာ ဝယ်မည်ဟု လောလောလောလောနှင့်ထွက်ခဲ့သည်။ လေးလွှာမှ ထုံးစံအတိုင်း ဝရောသုန်းကားပြေးဆင်းသည်။ လှေခါးရောက်တော့

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now