641 - 645

171 10 0
                                    


Chapter 641 တျန်းလန်တောင်ကုန်းသခင်

မျက်နှာမှာ ခက်ထန်ကြမ်းကြုတ်တဲ့ အမူအယာအပြည့်နဲ့ လူတစ်ဒါဇင်ကျော်က အခုအချိန်မှာတော့ ယန်ချီကို ကြောက်လန့်တကြား ကြည့်နေခဲ့တယ်။

“မင်း .. မင်း  .. ငါတို့တွေက တျန်းလန်တောင်ကပဲ။ မင်းက ငါတို့ကို တစ်ခုခု လုပ်မယ်ဆိုရင် တျန်းလန်တောင်က မင်းတို့ကို အလွှတ်ပေးမှာ မဟုတ်ဘူး”

ဒီလူ တဒါဇင်ကျော်က အရူးတွေတော့ မဟုတ်ပါဘူး။

ယန်ချီကို စိတ်ဝိဉာဉ်ပညာရှင်တစ်ယောက်မှန်း သိတာကြောင့် တျန်းလန်တောင်နာမည်သုံးပြီး နောက်ပြန်ဆုတ်စေချင် ကြပါတယ်။

သူတို့တွေရဲ့ လုပ်ဆောင်ချက်က လုံးဝကို မှားယွင်းနေတာကတော့ သနားစရာပါပဲ။

ယန်ချီကတော့ အလွန်တရာကို ကြောက်လန့်နေတဲ့ ဓါးမြတဒါဇင်ကျော်ကို ကြည့်ပြီး မေးလိုက်တယ်။

“ငါ ထပ်မေးမယ်။ မင်းတို့တွေ ဘယ်လို သေချင်တာလဲ”

ဒီစကားတွေကို ကြားတော့ ဓါးမြတွေအနေနဲ့ လုံးဝကို ကြောက်လန့်နေခဲ့ပါပြီ။

တျန်းလန်တောင်က သူ့ကို ဘယ်လိုလုပ်ပြီး ခြောက်လန့်နိုင်မှာလဲ။

သူက ဒီနေ့ တျန်းလန်တောင်ကို ဖျက်ဆီးဖို့အတွက် ရောက်လာတာပါ။

ဒီအချိန်မှာတော့ ဓါးမြတွေရဲ့ စိတ်ထဲမှာ အတွေးတစ်ခုသာ ရှိပါတော့တယ်။

အဲ့ဒါအတွေးကတော့ ထွက်ပြေးဖို့ပါ။

ချက်ချင်းပင် ဓါးမြတွေက ထွက်ပြေးလွှတ်မြောက်ဖို့အတွက် သူတို့တသက်တာမှ အမြန်ဆုံးအလျင်နဲ့ လှုပ်ရှားလိုက်ကြတယ်။

ဒါပေမယ့်လည်း သူတို့တွေက ယန်ချီရဲ့ တိုက်ခိုက်မှု အောက်ကနေ ဘယ်လိုလုပ်ပြီး လွှတ်မြောက်နိုင်မှာလဲ။

“ဘုန်း ဘန်း ဘန်း ”

ယန်ချီက လက်သီးချက် အနည်းငယ် ထိုးလွှတ်လိုက်တယ်။

ဒီလက်သီးချက်တွေ ပြီးဆုံးသွားတော့ ထွက်ပြေးဖို့ ကြံရွယ်နေတဲ့ ဓါးမြတွေအားလုံး သေဆုံးကုန်ကြတယ်။

“ဆက်သွားကြရအောင်”

ယန်ချီက လင်းတျန်နဲ့ လင်းယွဲ့တို့နှစ်ယောက်ကို လှည့်ကြည့်ပြီး ပေါ့ပါးစွာ ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now