651 - 655

182 16 0
                                    


Chapter 651 အနောက်ဖက် တိမ်လှိုဏ်ဂူ
Translated by Thura

“အဲ့ဒါဆိုရင် သွားကြမယ်လေ”

ဝူယွင်က ယန်ချီနဲ့ လင်းယွဲ့ကို ပြောလိုက်တယ်။

လင်းယွဲ့လည်း ခေါင်းညိတ်လက်ခံလိုက်တယ်။

အဲ့ဒီနောက်တော့ သူတို့သုံးယောက် အင်ပါယာ နန်းတော်ကနေ ထွက်လာခဲ့ကြတယ်။

“ဒီအကြိမ် ငါတို့တွေ တွေ့ဆုံတဲ့ နေရာက ပိုင်ယွဲ့ကျွန်းမှာပဲ”

ဝူယွင်က လမ်းလျှောက်နေရင်းပြောလိုက်တယ်။

အင်ပါယာနန်းတော်နဲ့ မနီးမဝေးမှာ ရှိတဲ့ ပိုင်ယွဲ့ကျွန်းက အလွန်တရာ လှပတဲ့ နေရာတစ်ခုပါ။

သိပ်မကြာခင်မှာပဲ သူတို့သုံးယောက်က ပိုင်ယွဲ့ရေကန်နားကို ရောက်လာခဲ့တယ်။

လှေစီးပြီးနောက် သူတို့သုံးယောက် ပိုင်ယွဲ့ကျွန်းဆီကို ထွက်လာခဲ့ကြတယ်။

ပိုင်ယွဲ့ကျွန်းက သိပ်ပြီး မကြီးမားပါဘူး။ အဲ့ဒီကျွန်းပေါ်မှာ တန်းလျားတစ်ခု ရှိနေခဲ့တယ်။

ဒီအချိန်မှာတော့ တန်းလျားထဲမှာ လူများစွာ ရောက်ရှိထိုင်နေခဲ့ကြတယ်။

အဲ့ဒီလူတွေတွေက လူငယ်တွေ မိန်းကလေးတွေ ဖြစ်ကြပြီး သူတို့အားလုံးက ဆယ်ကျော်သက်လူငယ်တွေပါ။

သူတို့ရဲ့ အသွင်က အလွန်ထူးခြားတာကြောင့် ကြည့်လိုက်တာနဲ့တင် သူတို့တွေရဲ့ မိသားစုနောက် ခံက သာမန်မဟုတ်မှန်း မြင်နိုင်ပါတယ်။

“မင်းသမီး ယွဲ့. . .”

တန်းလျားထဲမှာ ထိုင်နေကြတဲ့ မိန်းကလေးတွေက လင်းယွဲကို မြင်တဲ့အခါ သူမတို့တွေရဲ့ မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။ သူမတို့တွေအနေနဲ့ လင်းယွဲ့တစ်ယောက် ဒီနေရာကို ရောက်လာလိမ့်မယ်လို့ ထင်မထားပါဘူး။

“မင်းသမီး ယွဲ့ အလယ်ပိုင်းဒေသ ပါရမီရှင် နှီးနှောဖလှယ်ပွဲကို သွားတာ မဟုတ်ဘူးလား။ ပြိုင်ပွဲက ပြီးသွားပြီလား”

လူငယ်တစ်ယောက်က လင်းယွဲ့ကို မေးလိုက်တယ်။

လင်းယွဲ့ ပြန်ဖြေတော့မယ့်အချိန်မှာပဲ လူကြားထဲကနေ သာယာချိုအေးတဲ့ အသံတစ်သံကို ကြားလိုက်ရတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now