27အဆက္(Uni+Zaw)

337 69 0
                                    

Chapter(27)အဆက်

လင်းယုတုန်က ကျန်းရီဖေးကို မြို့ထဲက အကြီးဆုံးကုန်တိုက်ကို ခေါ်ဆောင်သွားကာ အတွင်းရှိကြီးမားသည့်မိုးလုံလေလုံကစားကွင်းကို သွားခဲ့သည်။ကလေးတွေနှင့်မိဘတွေ၏ထင်မြင်ချက်ကို ဂရုမစိုက်ဘဲ သဲကစားသည့်နေရာနှစ်ခုကို သဲတွေကို စုပုံယူပြီး ကျန်းရီဖေးနှင့်အတူ ရီဖေးရဲတိုက်ကိုဆောက်လုပ်တော့သည်။

သူတို့ကိုကြည့်နေသည့် ပတ်ဝန်းကျင်က ကလေးတွေက ဒီအန်ကယ်နှစ်ယောက်က သူတို့မိဘတွေထက် ပိုလှပပြီး အစွမ်းထက်တယ်လို့ ခံစားရတယ်။

အသက်ငါးနှစ်အရွယ်ကလေးမလေးတစ်ယောက် ထိုင်ခုံပေါ်ကနေ ခုန်ဆင်းလာပြီး မေးလိုက်တယ် "ဦးဦး မီးမီး အန်ကယ်တို့နဲ့ ကစားလို့ရလား?"

လူတိုင်း၏သဲစားပွဲက ၁စတုရန်းလောက်သာရှိပေမဲ့ ဒီသဲပုံကြီးက သဲစားပွဲနှစ်ခုကိုပေါင်းစပ်ထားတာကြောင့် လူအများကြီး အတူတကွကစားနိုင်သည်။လင်းယုတုန်က ကလေးမလေးကို ရယ်ပြီးပြောလိုက်တယ် "အဆင်ပြေပါတယ်.ဒါပေမဲ့ မီးမီးရဲ့ဖေဖေနဲ့မေမေက သဘောတူရဲ့လား?"

ကလေးမလေးက သူမ အမေကို အော်မေးလိုက်ပြီး သူမ မိခင်က ပြောလာတယ် "တောင်းပန်ပါတယ်..ဒီကလေးက စပ်စုချင်နေတာ.."

လင်းယုတုန်က ရယ်ပြီးပြောလိုက်တယ် "ကိစ္စမရှိပါဘူး"

သူစကားပြောပြီးတာနှင့် ကလေးမလေးကို ပြန်ကြည့်လိုက်ပြီး "ကလေး မီးမီး ဦးဦးတို့နဲ့ကစားလို့ရတယ်။ဒါပေမဲ့ ဦးဦး မီးမီးကို တစ်ခုလောက်တောင်းဆိုလို့ရမလား?"

ကလေးမလေးက ပျော့ပျောင်းစွာမေးလာတယ် "ဘာကိုလဲဟင်?"

လင်းယုတုန်က ကျန်းရီဖေးကို ညွှန်ပြလိုက်ပြီး "ဒီဦးဦးရဲ့မွေးနေ့က ဒီနေ့ဘဲ။မီးမီး သူ့ကို 'Happy birthday ဦးဦး'လို့ပြောပေးနိုင်မလား?"

ကလေးမလေးက ဘာလုပ်လိမ့်မလဲ?ဒါက ရိုးရှင်းပါတယ်..ကလေးမလေးက ချက်ချင်းဘဲ ဆုမွန်ကောင်းတောင်းပေးလိုက်တယ် "Happy birthday ဦးဦး!"

ကျန်းရီဖေးက ပြုံးပြီးပြောလိုက်တယ် "ကျေးဇူးပါ"

ထို့နောက် လူကြီးနှစ်ယောက်က သဲစားပွဲသုံးခုကို ပေါင်းစည်းလိုက်ပြီး ရဲတိုက်ကြီးက ပိုပြီးကြီးမားလာသည်။နောက်တော့ တခြားကလေးတွေက ဒါကိုမြင်ပြီး လင်းယုတုန် မွေးနေ့ဆုတောင်းခိုင်းသည့်အတိုင်းဆုတောင်းပြီး ပါဝင်လာပြီး ကျန်းရီဖေးက ကလေးအများကြီးထံမှ မွေးနေ့ဆုတောင်းကို လက်ခံခဲ့ရသည်။နောက်ဆုံးတော့ လူခုနစ်ယောက် ရှစ်ယောက်လောက် ကစားလို့ရသည့် သဲပုံကြီးဖြစ်လာသည်။လင်းယုတုန်က ကလေးဘုရင်လိုဘဲ။သူက ကလေးတွေကို အလုပ်ခွဲဝေပေးတယ်။ဒါက ကလေးမိဘတွေကို နားချိန်အများကြီးရသွားစေတယ်။ဘာကြောင့်လဲဆိုတော့ ကလေးတွေက သူတို့အာရုံစိုက်ဖို့လိုအောင် ဟိုဟိုဒီဒီလျှောက်ပြေးမနေတော့ဘဲ ကလေးတွေ လှည့်ပတ်ပြေးနေမှာကို စိုးရိမ်စရာမလိုတော့တာကြောင့်ဖြစ်သည်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now