ရက်စွဲ (၂၁)

310 33 24
                                    

ခုရက်ပိုင်းအစ်ကိုဟာ အိမ်ကို မလာဖြစ်ဘူး ဆိုရင်တောင် တစ်ပတ် ၃ရက်လောက်တော့လာဖြစ်နေပါသည်။
"အစ်ကိုပြောစရာရှိလို့"
"အော့်"
"မင်းစန္ဒယားတီးတတ်တယ်မလား"
"အရမ်းကြီးတော့လဲမဟုတ်ပါဘူး ဒီလိုပါဘဲ"
"လုပ်မနေပါနဲ့ကွာ ငါမင်းလက်သံကိုသိပြီးသားပါ၊ အိမ်က ကိုယ့်တူလေးရှိတယ် သူ့ကို စန္ဒယားသင်ပေးချင်လို့ မင်းသင်ပေးပါလား"

အစကတော့ ဘာရယ်မဟုတ်မေးတယ် ထင်ပြီး တည်ငြိမ်နေသော်လည်း ခုတော့ အစ်ကို့အိမ်အဝင်အထွက်ရှိရတော့မည်ဟူသော အတွေးက လှုပ်ခတ်သွားစေသည်။

"အော့်၊အဲ့တာဆိုလဲ သင်ပေးမယ်လေ"
"လစာကရော ဘယ်လိုယူမှာလဲ"
"ရပါတယ် မယူပါဘူး အစ်ကိုရဲ့"
"အဲ့လိုဆိုမသင်တော့ဘူး
"အာ အစ်ကိုကလဲ တစ်သိန်း တစ်သိန်း"
"အိုခေ၊ မင်း ညနေပိုင်းတွေအားတယ်မလား"
"အင်း"
"ကိုယ် သူ့အမေနဲ့ ပြန်ပြောပြီး အချိန်ညှိကြတာပေါ့"
"အော့်"
"ကိုယ်ဘာပြောထားလဲ၊ တအော့အော့နဲ့၊ အဲ့လိုပြောတာကယဉ်ကျေးမှုမရှိဘူးလို့"
"အော့်"
"ကဲပြောရင်းဆိုရင်းက၊ ဒီကောင်ကတော့"
အစ်ကို စူးကျယ်အောင်ကို ခပ်ဖွဖွလေး ထုလိုက်ပါသည်။ အစ်ကိုပြောလိုက်ရင် ဘာလို့များ တစ်ခွန်းမကျန် တသွေမတိမ်း လိုက်နာနေမိတာပါလိမ့်။ အင်း အစ်ကို့ကို စိတ်ချမ်းသာစေချင်တယ်။ အစ်ကို့ရဲ့ အကောင်းမြင်မှုတွေဘဲရချင်တယ်။ အစ်ကိုနဲ့ အငြင်းမပွါး အမုန်းမများလိုခြင်းတွေကြောင့်ဖြစ်ပေလိမ့်မည်။

အဒီးသာ ခုလို ပြုပြင်ဆုံးမ ပေးခဲ့မည် ဆိုလျှင်ကော၊ သေချာပါသည် သူ့ထုံးစံအတိုင်း သူ့အချစ်ဆုံး သူငယ်ချင်းလေးအား လက်ခလယ်သာထောင်ပြမိပေလိမ့်မည်။

______________________

"ဟလို"
"ဟလို"
"မောင်ဟိန်းလေး၊ ဒါမင်းကို ပီယာနို(piano) သင်ပေးမယ့်ဆရာ"
၅နှစ်အရွယ် ကလေးအား ပထမဆုံး စန္ဒယားသင်ပေးဖြစ်သည်။ တစ်ခါမှ တော့ စာသင် အတွေ့ကြုံမရှိသော်လည်း ကလေး ကလေးချင်းမို့ထင်ပါသည်။ အတော်လေးတော့အဆင်ပြေပါသည်။

ဤသို့နှင့်စူးကျယ်အောင်တစ်ယောက် အစ်ကို့အိမ်သို့ အဝင်အထွက် လမ်းစရခဲ့ပေပြီ။
"အမေ ဒီဆရာက ထမင်းမစားရဘူး၊အဲ့တာနောက်နေ့တွေ ဆရာ့ကို ထမင်းလေးဘာလေးကျွေးလိုက်အုန်း"

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now