Dripping (Dotae)Final

196 13 6
                                    

(အပိုင်း 1 မဖတ်ရသေးတဲ့သူက
အပေါ်မှာ အပိုင်း 1ရှိပါတယ်နော်
ဒါကအပိုင်း 2 final ပါ)

Unicode

နောက်နေ့မနက် Taeyong အိပ်ယာက နှိုးလာတော့ Doyoung က သူ့ဘေးနားမရှိတော့ပေ....

အဲ့ဒီ့အစား Taeyongရဲ့ ဖုန်းScreenပေါ်ကပ်ခဲ့တဲ့ စာရွက်လေးက

📝အကို ကျွန်တော်အလုပ်ကိစ္စ အရေးကြီးလို့ ပြန်နှင့်ပြီ။ Hotel အခန်းခ ကျွန်တော်ရှင်းခဲ့ပြီ အေးဆေးအနားယူပြီးမှပြန်ပါ။ ဒီတစ်နေကုန်စာအတွက်ပါ ကျွန်တော်ငွေရှင်းခဲ့တယ်။

Taeyong ခန္ဓာကိုယ်က နာကျင်မှုထက် ရင်ထဲကကောင်က ပို​ပြီးနာလာတာကို ခံစားလိုက်ရသည်။

ယောင်းက သိပ်ကို ရက်စက်ပါသည်။

မရယ်သင့်တဲ့ အချိန်​ဖြစ်ပေမယ့်  Taeyong ချောက်ကပ်စွာ အော်ရယ်လိုက်မိသည် ။

ပြီးတော့ သူခေါင်းရင်းက စီးကရက်ဗူးကို ယူကာ ဆေးလိပ်ဖွာရင်း သူနဲ့ယောင်းငယ်ရဲ့ နောက်ရှေ့ဆက်သွားရမယ့်အခြေနေကိုတွေးကြည့်သည်။

ခေါင်းထဲဝင်လာသမျှအတွေးတွေကို ခါရမ်းပစ်လိုက်ပြီး ဖုန်းကိုယူကာ ယောင်းဆီဖုန်းခေါ်လိုက်သည်။

တူ....တူ....(လူကြီးမင်းခေါ်ဆိုသော...)
Taeyong လက်ထဲက ဖုန်းကို နံရံစီပိတ်ပေါက်ပစ်လိုက်ပြီး အာခေါင်ခြစ်ကာ အော်ဟစ်ပစ်လိုက်သည်။

Hotel ကရေချိုးခန်းဝတ်စုံနဲ့ အခန်းပြင်ပြေးထွက်လာသူကို Hotelဝန်ထမ်းတွေက အထူးတဆန်းရပ်ကြည့်နေကြပေမယ့် ဘယ်ကုမ္ပဏီက CEOဖြစ်တယ်ဆိုတာကိုတော့ သိထားကြတာကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှတော့လိုက်မတား ။

Hotelအပြင်က အဆင်သင့်လာထိုးပေးတဲ့ သူ့staffရဲ့ကားပေါ်တက်ကာ Doyoungအလုပ်လုပ်နေတဲ့ ကုမ္ပဏီကိုမောင်းခိုင်းလိုက်သည်။

ကတီပါ ရေချိုးဝတ်ရုံ နီညိုရောင်နဲ့ ဝင်လာတဲ့ TY ကုမ္ပဏီက သူဌေးဖြစ်သူကို ကောင်တာမှာထိုင်နေတဲ့ ကောင်မလေးတွေက မျက်လုံးထွက်ကျမတတ်ကြည့်ရင်း သူတို့ CEO အခန်းဆီဦးတည်နေတဲ့ TY Groupရဲ့ CEO Taeyongကို ရုတ်တရက် တားဖို့ပင်မေ့သွားကြသည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now