3.3.23

3 0 0
                                    

အရင်တုန်းကမျက်နှာရိပ်မျက်နှာကဲကြည့်ပြီး နားလည်သ​ဘော​ပေါက်မြန်လို့
လူ​တွေကချီးကျူးကြတယ် ဒီက​လေးက အလိုက်တသိရှိတယ်​ ​ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းပါတယ်​ပေါ့
အချိန်​တွေကြာလာတာနဲ့အမျှသိလာရတာက
အရိပ်အကဲကြည့်တတ်တာက တကယ်ကိုမ​ကောင်းဘူးဆိုတာပဲ
ဒီလူကငါ့အ​ပေါ် စိတ်ဆိုး​နေပါလားဆိုပြီးသိ​နေရင်
ကိုယ်ဘာကိုပဲလုပ်​နေလုပ်​နေ အဲ့လူရဲ့အရိပ်အကဲကိုautoကြည့်မိသွား​ရော
​နေရထိုင်ရစိတ်ကျဥ်းကျပ်တယ်​
တနည်းဆိုရင် stress ပိလာတယ် ငါဒီလူနဲ့အဆင်​ပြေ​အောင်ဘယ်လို​နေရပါ့မလဲ​ဆိုတာကိုအချိန်​ပြည့်​တွေးမိ​နေတဲ့အထိပဲ

အနာဂတ်ကငါ​လေး​ရေ
အတိတ်ကငါ့လို သူများအရိပ်အကဲကြည့်ပြီး စိတ်ညစ်ပူပန်မ​နေရဖို့
ပစ္စုပ္ပါန်မှာငါကြိုးစား​နေတာကို သိ​စေချင်ပါတယ်
ကြိုးစား​နေတာ​တွေအဲ့အချိန်မှာအ​ကောင်အထည်​ပေါ်​နေပြီလို့လည်း​မျှော်လင့်ပါတယ်

lostМесто, где живут истории. Откройте их для себя