Dear December (uni)

304 29 3
                                    

မြူနှင်းတွေ တဖွဲဖွဲကျနေတဲ့ လမ်းကျဉ်းလေးကို အခန်းတံခါးပေါက်ကနေ တွေတွေလေးငေးကြည့်နေမိတယ် ဒါဒီနှစ်ရဲ့ ပထမဆုံးနှင်းမဟုတ်လား အေးစက်နေတဲ့ အအေးဒဏ်ကိုပြေပျောက်ဖို့ သောက်နေမိတဲ့ စီကရက်နဲ့ဝီစကီ ကဒီဇင်ဘာကိုဂရုမစိုက်တဲ့ဟန်အပြည့်
အအေးဒဏ်ကိုအံတုဖို့ ဆိုတာထက် တားမြစ်မယ့်လူတစ်ယောက်များပေါ်လာမလားဆိုတဲ့ စိတ်နဲ့သောက်မိနေတာဆိုရင် ပိုပြီးအဓိပ္ပါယ်ရှိမယ်ထင်တယ်

အလီလီပြောင်းသွားတဲ့နှစ်ကာလတွေမှာ Jeonဘယ်လိုပုံစံလေးများရှိနေမလဲ ဘာတွေများလုပ်နေမလဲ ဘယ်သူတွေနဲ့များ..ဆက်မတွေးလိုတော့တဲ့ အကြောင်းအရာတွေကြောင့် လက်ထဲမှာအသင့်ရှိနေတဲ့ စီကရက်ကို မာန်ပါပါရှူသွင်းပြီးမှ မီးခိုးငွေ့တွေကိုပြန်မှုတ်ထုတ်လိုက်တယ် နှင်းမှုန်တွေနဲ့အတူရောနှောသွားတဲ့ မီးခိုးငွေ့တွေကို မလိုလားသလို ငေးကြည့်ပြီးမှ ခပ်တိုးတိုးရေရွတ်မိတယ် "မင်းတို့ကမှ အဖော်ရှိသေးတယ် အဟွတ်..အဟွတ်.."

စီကရက်နဲ့ဝီစကီကိုပဲ အဖော်ပြုနေတဲ့သူ့ကို ကိုယ်တွင်းကလီဆာတွေကလည်းမနှစ်မြို့တော့ဘူးထင်ပါရဲ့ Jeonသာမြင်ရင် 'ထယ် အရမ်းဆိုးနေပါလား 'ဆိုပြီး ဆူပူနေအုန်းတော့မှာ
ဒါပေမဲ့ အခုကျွန်တော် တကယ်အဆူခံချင်နေတာ...အရင်လိုမဟုတ်ပဲပေါ့

ပထမဆုံး စတွေ့ခဲ့ရတဲ့ တွေ့ဆုံမှုလေးမှာတင် Jeon ဟာအများကြီးနွေးထွေးပေးခဲ့တာ အေးချမ်းတဲ့အပြုံးလေးတွေကိုပိုင်ဆိုင်သလို ချိုသာတဲ့စကားလုံးတွေကိုသာ ရွေးချယ်တတ်တဲ့ Jeonကအပြုအမူလေးတွေကလည်း နူးညံ့သိမ့်မွေ့နေပြန်တာ ဒါဟာလုပ်ယူထားတာမဟုတ်တဲ့ Jeonရဲ့ မူပိုင်ဟန်တွေပေါ့

စီကရက်တွေခိုးသောက်တတ်တဲ့ အထက်တန်းကျောင်းသားလေးကို Jeonဟာ စီကရက်တွေမသောက်ဖို့ဆုံးမပြန်တာ ဆရာ့ရဲ့သူငယ်ချင်းအနေနဲ့သိခွင့်ရခဲ့တဲ့ Jeonကို မကျေနပ်သလို
ကျောင်းသားလူမိုက်စတိုင် ဖမ်းပြီးဂျစ်တူးတူးတော့ " ထယ်က ဂျစ်တူးလေးဖြစ်ချင်တာလားတဲ့" အဲ့ဒိနေ့မှာ နွေးခနဲဖြစ်သွားတဲ့ နှလုံးသားတစ်စုံဟာ "ထယ်"ဆိုတဲ့ ခေါ်ဝေါ်မှုလေးကြောင့် ဆိုတာ အချိန်ကြာမှသိခွင့်ရခဲ့တယ်

Dear December (one short) Where stories live. Discover now