661 - 665

164 9 0
                                    


Chapter 661 ဘာကြောင့် အခွင့်အရေးကို လက်လွှတ်ရတာလဲ
Translated by Thura

လျူဖန်စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတိုင်းက ယန်ချီကို စောင့်ကြည့်နေခဲ့ကြတယ်။ သူတို့အားလုံး ယန်ချီ ဘယ်လို ပြန်ဖြေမလဲဆိုတာ စောင့်ဆိုင်းနေကြတာပါ။

ယန်ချီကတော့ ဘာအမူအယာမှ ပြောင်းလဲခြင်းမရှိပါဘူး။

သူက ယန်မျိုးနွယ်မဟာအကြီးအကဲကို ကြည့်လိုက်ပြီး ပုံမှန်အတိုင်း ပြောလိုက်တယ်။

“ငါက မင်းတို့ကို အသက်ရှင်လွှတ်မြောက်မယ့် အခွင့်အရေးပေးခဲ့တယ်။ ဒါပေမယ့် မင်းတို့တွေက မရွေးချယ်မှတော့ ငါလည်း ဘာမှ မတက်နိုင်ဘူး”

စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတိုင်းက ဒီစကားကို ကြားတဲ့အခါ သူတို့ရဲ့ မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပြည့်နှက်သွားခဲ့တယ်။

“ဟား ဟား ဟား ”

ရုတ်တရက် ယန်မျိုးနွယ်မဟာအကြီးအကဲက အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ်။

“မင်းက ဒီလို ပြောရအောင် ဘာတွေ ဖြစ်နေလဲဆိုတာ မင်းမသိဘူးလား”

ယန်မျိုးနွယ်မဟာအကြီးအကဲရဲ့ အမြင်မှာတော့ ယန်ချီက သူတို့ ယန်မျိုးနွယ်က လူတဒါဇင်လောက်ကို သတ်ဖြတ်ခဲ့တာကြောင့် အသက်ရှင်လွှတ်မြောက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

“ငါ ဘယ်လို အဆုံးသတ်မလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် မင်းတို့တွေ ထွက်မသွားခဲ့ရင် ဘယ်လို အဆုံးသတ်မလဲ ဆိုတာတော့ သိတယ်”

ယန်ချီက တည်ငြိမ်စွာ ပြောလိုက်တယ်။

စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ လူတိုင်းက ဒီစကားကို ကြားတော့ မှင်သက်သွားကြတယ်။

သူတို့အားလုံးက ယန်ချီကို ဒီစကားမျိုးပြောလိမ့်မယ်လို့ မထင်ထားမိဘူးလေ။

“အဲ့ဒါဆို ငါတို့တွေ ထွက်မသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာ မင်းပြောကြည့်စမ်း”

ယန်မျိုးနွယ်မဟာအကြီးအကဲက ယန်ချီကို အေးစက်စက် စူးစိုက်ကြည့်ြ့ပီးမေးလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now