ရက်စွဲ (၂၆)

320 25 11
                                    

သည်နေ့ကိုစူးကျယ်အောင်စိတ်လှုပ်ရှားနေခဲ့သည်။
"ဟလို"
"ဟလို အစ်ကို"
"အေး မင်းလှိုင်သာယာရောက်ပြီလား"
"ခဏနေရင်ရောက်တော့မှာ ဟုတ်တယ်"
"အွန်း အစ်ကို ရာဇာ့ကို ပြောထားတယ်၊ မင်းရောက်ရင် သူ့ကိုဖုန်းဆက်လိုက်၊ ပြီးတော့ ကားခေါင်းခန်းရဖို့ ရာဇာက ကားသမားကို ပြောပေးလိမ့်မယ်"
"ဟုတ်"
"လမ်းမှာတစ်ခုခုဆိုလဲ အစ်ကို့ကိုဖုန်းဆက်လိုက်နော်"
"အော့်"
"ဘာအော့်လဲ ကြည့်.... နာတော့မယ်"
"အဟီးဟီး ဟုတ်လို့ပြောတာ၊ ဟုတ် ဟုတ်"

အစ်ကို့ရဲ့ ဟိုဘက်ကမ်းမှ ဆောက်ထားသော အိမ်အသစ်မှာ လွန်ခဲ့သော အပတ်တည်းက ပြီးစီးခဲ့ချေပြီမဟုတ်ပါလော။မနေ့က အစ်ကိုရော အစ်ကို့အမေနဲ့ အဖေပါ ဟိုဘက်ကမ်းအိမ်ကို သွားနေကြသည်။အစ်ကိုက သူ့အဖေနှင့် အမေ အတွက် ဆောက်ပေးခြင်းဖြစ်သည်။ တစ်ဆက်တည်း လွန်လေပြီးသော ဒီဇင်ဘာ မှ စွဲလန်းရသော အစ်ကို့အသံကို ပြန်ကြားယောင်မိပါသည်။

"အစ်ကို့အိမ်မှာ ချိတ်စရာနေရာမရှိဘူး စူးလေးရ၊ အစ်ကို မင်းပန်းချီကားကိုကြိုက်ပါတယ်၊ မင်းစောင့်ကြည့်နေလိုက်ပါ၊ အစ်ကို့ ဟိုဘက်ကမ်းက အိမ် ပြင်ပြီးသွားရင် မင်းပန်ချီကားကို ဘယ်လိုထားမလဲလို့"

ပြီးခဲ့သော အချိန်တွေဟာ အင်မတန်ကိုမှ အေးချမ်းပြီး သာယာခဲ့ရပါသည်။ အစ်ကို့စကားနားထောင်ရတာဟာ စိတ်ညစ်စရာမကောင်းပဲ နွေးထွေးနေစေသည်။ အစ်ကို့အဆုံးမတွေ မခံရတာတောင် ကြာပြီ ထင်ပါ့။ လျို့ဝှက်ချက် ပြောပြလိုက်မိကတည်းကပေါ့။

"ဆရာလား"
"ဟုတ် ၊ ရပါတယ် အဆင်ပြေသလိုခေါ်ပါ"
"ဟုတ် ကျွန်တော့်ကို ကျွန်တော့အစ်ကို သေချာမှာထားပါတယ် မောင်ဟိန်းလေးဆရာကို ကားငှါးပေးဖို့ပြောထားပါတယ်"
"ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်"
"ဒါနဲ့ မောင်ဟိန်းလေး ဦးလေးနဲ့ ဘာတော်လဲ မသိဘူး"
"ကျွန်တော့ဦးလေးပါဘဲ"
"ကျွန်တော့်အမေနဲ့ သူနဲ့ မောင်နှမ ဝမ်းကွဲလေ"
"အော့်"
အစ်ကို့ ဝမ်းကွဲမှ ကားသမားကို ကားခေါင်းခန်းရအောင်ပြောပေးသည်။ (light truck)လိုက်ထရက်ကား လေးခေါင်းခန်းမှာ နေရာ ရသွားတော့ ရာဇာ ပြန်သွားသည်။

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now