666 - 670

182 8 0
                                    


Chapter 666 ယန်မျိုးနွယ်ကို ဖျက်ဆီးခြင်း
Translated by Thura

ရာချီသော ယန်မျိုးနွယ် အဖွဲ့ဝင်တွေက ယန်ချီကို ကြည့်ပြီး ထိတ်လန့်နေခဲ့ကြတယ်။

ယန်ချီက အမှန်တကယ်ကို ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ကို ပိုင်ဆိုင်လိမ့်မယ်လို့ သူတို့တွေ အိမ်မက်တောင် မမက်ဖူးပါဘူး။

ဒီအချိန်မှာတော့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေအနေနဲ့ ယန်ချီဆီကို ဘယ်လိုလုပ်ပြီး ဆက်လက် တိုက်ခိုက်ရဲတော့မှာလဲ။

သူတို့တွေက ယန်ချီကို မမြင်ဖူးတဲ့အလား စူးစိုက်ကြည့်နေခဲ့ကြတယ်။

“မင်းတို့တွေ ဘာကို တွန့်ဆုတ်နေတာလဲ”

ယန်ချီက သူ့အရှေ့မှာရှိတဲ့ ယန်မျိုးနွယ်အဖွဲ့ဝင်တွေကို ပြောလိုက်တယ်။

ရာချီသော ယန်မျိုးနွယ်အဖွဲ့ဝင်တွေက ဒီအချိန်မှာ ဘာစကားကိုမှ မပြောရဲကြပါဘူး။

“မင်းတို့တွေ ဘာကို ကြောက်နေတာလဲ။ အဲ့ဒါက ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် တစ်ခုပဲလေ”

ယန်မျိုးနွယ်ခေါင်းဆောင် ယန်ပန်ဖိန် က ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်တယ်။

ယန်ချီမှာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် ရှိပေမယ့်လည်း ဒီနေ့မှာတေ့ ယန်ချီ မလွတ်စေရဘူးလို့ သူက တွေးထားခဲ့တယ်။

မျိုးနွယ်ခေါင်းဆောင်ရဲ့ စကားကို ကြားတော့ ရာချီသော ယန်မျိုးနွယ်အဖွဲ့ဝင်တွေက အံကြိတ်လိုက်ပြီး ယန်ချီဆီကို ဆက်လက်ပြေးဝင်ခဲ့ကြတယ်။

ချက်ချင်းပင် ရာချီသော ယန်မျိုးနွယ် အဖွဲ့ဝင်တွေက ယန်ချီအရှေ့ကို ရောက်လာခဲ့ကြတယ်။

“ဝှစ် ဝှစ် ”

ရာချီသော ယန်မျိုးနွယ် အဖွဲ့ဝင်တွေ ယန်ချီဆီကို ပြေးဝင်တိုက်ခိုက်ဖို့ ပြင်တဲ့အခါ ကြောက်မက်ဖွယ်ရာ ဓါးအလင်း ထွက်ပေါ်လာခဲ့တယ်။

အဲ့ဒီနောက်မှာတော့ ခြောက်ခြားဖွယ် အော်မြည်သံတွေ ဆက်ပြီး ထွက်ပေါ်နေခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now