RAIN

831 52 2
                                    

'တို့ကိုမိအောင်ဖမ်းလေ'

'ခ..ခဏ..ခဏနေပါအုန်း'

ထွက်ပြေးသွားသော အမျိုးသမီး၏ ကျောပြင်ကိုကြည့်ပြီး ဝဋ္ဌာ အမြန်ပြေးလိုက်ရလေသည်။ တနေရာ အရောက်တွင် ထိုအမျိုးသမီး၏ လက်အား ဝဋ္ဌာဖမ်းဆွဲလိုက်မိသည်။

'မိပြီ'

'တို့ ရှုံးသွားပြီ တို့ ကတိအတိုင်း မင်းလိုချင်တာ တို့ပေးရတော့မှာပေါ့'ဟုဆိုကာ ဝဋ္ဌာ့ နှုတ်ခမ်းအား နမ်းရှိုက်လိုက်လေသည်။

__________

'တီ.တီ.တီ.တီ'

နှိုးစက်မြည်သံကြောင့် ဝဋ္ဌာနိုးသွားသည်။

'မက်ပြန်ပြီ ဒီအိမ်မက်ဘဲ ဘယ်နှနာရီတွေတောင်ရှိနေပြီလည်း'

နာရီကို လှမ်းယူကာ ကြည့်လိုက်တော့ မနက်၇နာရီ ထိုးနေပြီဖြစ်သည်။ ထို့နောက် အိပ်ရာထကာ ရေမိုးချိုး ကျောင်းဝတ်စုံလဲကာ အိမ်အောက်သို့ဆင်းလာခဲ့သည်။

📱I don't care..how long it's take📱

'Hello'

'Hello မာမီ'

'ဝဋ္ဌာ နိုးပြီလား'

'ဟုတ်..ဒါနဲ့ မာမီဘယ်သွားတာလဲ'

'မာမီက အရေးပေါ်လူနာရှိလို့ ဆေးရုံလာလိုက်ရတယ်'

'အော်'

'မာမီ အုန်းနို့ခေါက်ဆွဲတွေ ဝယ်ထားတယ် မီးဖိုခန်းထဲမှာ'

'ဟာ ဝဋ္ဌာစားချင်နေတာ'

'အင်း မနက်က ​မာမီစျေးသွားတော့ ဝယ်လာတာ'

'မြန်မြန်စား ကျောင်းနောက်ကျ ​ေနအုန်းမယ်'

'ဟုတ်'

ထို့နောက် စားသောက်ပြီး စက်ဘီးတစ်စီးနှင့် ကျောင်းသို့ထွက်လာခဲ့သည်။

ဝဋ္ဌာက ဒီနှစ်မှ အထက်တန်းစတတ်ရမှာလေ။ မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ယောက်ပေါ့။ ဆံပင်တိုတို အရပ်ရှည်ရှည် မျက်မှန်အဝိုင်းလေးနှင့်ပင်။ ဝဋ္ဌာက ယောက်ျားလေးချော ချောသည်။ ကျောင်းတွင်လည်း မိန်ကလေးတော်တော်များများက ဝဋ္ဌာ့ကိုကြိုက်ကြသည်။ သို့သော် ဝဋ္ဌာကတစ်ယောက်မှ စိတ်မဝင်စားပေ။

RAIN(One Shot)Where stories live. Discover now