''အိမ်ရှေ့စံမင်းသားလေးခင်ဗျ သမားတော်ရောက်လာကြောင်းပါ ''
''အထဲလွှတ်လိုက် ''
RenJun ရေနွေးကန်ထဲစိမ်နေရင်းက အနားက အစောင့်တွေကို မျက်စပစ်ပြလိုက်တာနဲ့ အနားရှိ ပဝါအနက်ခပ်ပါးပါးတွေ မျက်နှာမှာ အုပ်ထားတဲ့ အမျိုးသမီးငယ်တွေ အကုန်လုံးက တရိုတသေထွက်လို့သွားကြသည်။
ဝင်လာတဲ့ သမားတော်ကလည်း ပဝါအနက်ရောင်ကို မျက်နှာမှာ ချည်ထားတာကြောင့် ညိုစိမ့်စိမ့် မျက်ဝန်းတွေကိုသာ Renjun မြင်တွေ့နေရသည်။
''အိမ်ရှေ့စံ မင်းသားလေး ဘယ်နေရာများ နေလို့မကောင်းလို့ပါလဲ ''
''ငါ အခုရက်ပိုင်း ညဘက်အိပ်မပျော်ဘူး သမားတော်Jen ပြီးတော့ ဒီလက်က ပေါ်လာတဲ့အမှတ်အသားက ဘာများဖြစ်မလဲ ''
သူ့လက်ကောက်ဝတ်က အကွက်လိုက်စုနေတဲ့ သွေးခြေဥကို Jeno ကန်ဘောင်ပေါ်ငုတ်တုတ်ထိုင်ရင်း သေခြာကိုင်ကြည့်လိုက်သည်။
''ဒါက မနာဘူးဆိုရင်တော့ အရှင်စိုးရိမ်စရာ မလိုပါဘူး ''
''နာတာမျိုးတော့မဖြစ်ပါဘူး ငါက ရောဂါတစ်ခုခုဖြစ်နေမှာစိုးရိမ်လို့''
''ကျွန်တော်မျိုး သက်သာသွားအောင် လိမ်းဆေးရည်ဖော်စပ်ပေးခဲ့ပါမယ်''
ခါးစည်းတစ်ထပ်ကိုသာ ဝတ်ထားပြီး ပုဝါဖြူခပ်ပါးပါးတစ်ခု ခန္ဓာကိုယ်ပေါ်လွှားခြုံထားတဲ့ အိမ်ရှေ့စံငယ်က ရေစိမ်နေတာအတော်ကြာပြီထင် နှုတ်ခမ်းပါးလေးတွေကတောင်ဖြူဖျော့ဖျော့ ဖြစ်လို့နေပြီ
''အရှင် ရေစိမ်နေတာကြာနေပြီမဟုတ်လား လုံလောက်ပြီလို့ ထင်ပါတယ် ဒီထက်ကြာရင် နေမကောင်းဖြစ်မှာ စိုးရိမ်ရတာမို့ တက်ခဲ့ပါတော့''
သူ့လက်ကိုလှမ်းတွဲပေးဖို့ အကူညီတောင်းလာတဲ့ အရှင့်သားလေးကို သမားတော်Jen လက်ကနေ ဆွဲတင်ပေးလိုက်ပြီး ချော်ကျမှာစိုးတာကြောင့် ခါးသေးသေးလေးတွေကိုပါ လှမ်းထိန်းပေးလိုက်သည်။
ကန်ဘောင်ပေါ် ရောက်ရောက်ချင်း ခါးဝတ်ကိုဖြည်ချလိုက်တာမို့ Jen ကမျက်နှာတို့ကိုတစ်ဖက်အမြန်လှည့်ပစ်လိုက်ရသည်။