28.1

326 65 0
                                    

Chapter(28.1)ရီလင်းစက်မှုလုပ်ငန်း

ချူထင်းရီသည် ပြောသည့်နေရာက"ဆောင်လန်မြို့တော်"ခေါ်သည့်အဆင့်မြင့်ပုဂ္ဂလိကကလပ်ဖြစ်သည်။ကျန်းရီဖေးနှင့်လင်းယုတုန် ရောက်သွားတော့ ချန်းရှီ ကျိုးစီကောင်းတို့အပြင် ချူထင်းရီနှင့်ကုန်းဝမ်လင်းတို့သာ ရောက်သေးသည်။ရှန့်ကျွင်းလို့ခေါ်တဲ့ လူတစ်ယောက်လည်းရှိသေးသည်။

လင်းယုတုန်သည် ရှန့်ကျွင်းကို တစ်ခါမှမမြင်ဖူးသော်လည်းဘဲ သူက ဒီနေရာမှာပေါ်လာနိုင်ကတည်းက ကျန်းရီဖေးနှင့်ရင်းနှီးမှန်းသိသာသည်။ကျန်းရီဖေးက လင်းယုတုန်ကို မိတ်ဆက်ပေးလိုက်တယ် "ပေါင်းပေါင်း..ဒီက ရှန့်ကျွင်း..သူက ကိုယ့်ထက်နှစ်နှစ်ကြီးတယ်။သူက နိုင်ငံခြားမှာနေတာဆိုတော့ ပေါင်းပေါင်းနဲ့တစ်ခါမှမတွေ့ဖူးတာ"

လင်းယုတုန်ကို ပြောပြီးတာနှင့် ရှန့်ကျွင်းကိုပြောလိုက်တယ် "ငါ့ချစ်သူ လင်းယုတုန်"

လင်းယုတုန်က ပြောလိုက်တယ် "ဟဲလို..အကိုရှန့်...ကျွန်တော့်ကို လင်းဇီလို့ခေါ်ပါ"

ရှန့်ဇီသည် ကြည့်ပျော်ရှူပျော်ရှိပြီးတော့ အရပ်မြင့်ပြီး၁.၉မီတာထက်ပိုမြင့်သည်။သူက လင်းယုတုန်ကို ဟဲလိုလို့ပြန်ပြောပြီး ခေါင်းငြိမ့်နှုတ်ဆက်ရုံသာဖြစ်သည်။

ကုန်းဝမ်လင်းက ပြောလိုက်တယ် "သူက ဒီလိုမျိုးဘဲ။နောက်ကျရင် မင်းသိလာပါလိမ့်မယ်"

လင်းယုတုန်က ဂရုမစိုက်ပေမဲ့ သူက ကုန်းဝမ်လင်း စကားပြောလိုက်သည့်အခါ ဒီရုပ်သေကြီးမှာ အသိအမှတ်မပြုတဲ့အရိပ်အမြွက်တွေကို သတိထားမိလိုက်သည်။

ချူထင်းရီက လက်ခုပ်တီးလိုက်ပြီး "ကဲ..ကဲ ရပ်မနေကြနဲ့။ဒီနေ့က ရီဖေးရဲ့တကယ့်မွေးနေ့အစစ်မဟုတ်ပေမဲ့ ငါတို့ တစ်ခုခုကျင်းပသင့်တယ်လို့ ခံစားရတယ်"

သူ့မျက်လုံးတွေက လင်းယုတုန်ထံကို ကျရောက်သွားပြီး "ရှောင်လင်းဇီ..ဒီမှာရှိတဲ့သူတွေအားလုံးက သူငယ်ချင်းတွေဘဲ..ဘာမှသတိထားစရာမရှိဘူး။မင်းအနားယူချင်ရင် အနားသာယူလိုက်..အားနာစရာမလိုဘူး"

လင်းယုတုန်က ဒီစကားကိုကြားတော့ တကယ်ကိုကို့ယို့ကားယားနိုင်တယ်လို့ခံစားရတယ်။သူက ဆိုဖာပေါ်မှီလိုက်တယ်။ဘာဘဲဖြစ်ဖြစ်ပါ သူတကယ်လဲနေလို့ရတယ်မလား?သူက သက်သောင့်သက်သာမရှိတာမှမဟုတ်တာ...

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now