"ဟန်နီ ဒီမနက်တော့ အတူရှိပေးလို့မရဘူးလားဟင်။ဘယ်လိုပဲဖြစ်ဖြစ် တစ်ညတာကိုအတူကုန်ဆုံးခဲ့ကြပြီးပြီပဲလေ"
စောင်ပုံကြားက အဝတ်မဲ့နေတဲ့ကောင်မလေးရဲ့စကားကိုကြားတော့ အင်္ကျီကြယ်သီးတပ်နေတဲ့ မီနာ့ရဲ့လက်တွေတောင့်တင်းသွားရ၏။
"ဟင့်အင်း။မင်းက ငါ့အတွက် တစ်ညတာပတ်သက်မှုထက်မပိုတာမို့ မင်းဘေးနားရှိနေပေးစရာအကြောင်းမရှိဘူး ။ အာ ဒါနဲ့ မင်းအတွက် လက်ဆောင်ထားခဲ့တယ်နော် သဘောကျမှာပါ။ဒါဆို နောက်ထပ် မတွေ့ကြရအောင် "
အညိုရောင်ကုတ်ကို မီနာအသာထပ်ဝတ်ရင်း ပြောလိုက်တော့ ထိုကောင်မလေးက အရာရာကိုနားလည်သွားသလိုမျိုး ပြုံးနေသည်။
"သတင်းတွေကြားတော့ ကောလဟာလပဲထင်ခဲ့တာ ။Haera Group ရဲ့ ဒါရိုက်တာချုပ်က မိန်းမပွေတယ်ဆိုတာလေ။ လူတွေ့ဆိုတော့ယုံလိုက်ပါပြီ အဟက် "
အရေးမပါတဲ့စကားတွေပြောနေတဲ့ ကောင်မလေးကိုထားခဲ့လိုက်ပြီး ဟိုတယ်ကားပါကင်မှာ အသင့်စောင့်နေမဲ့ လက်ထောက်ချာဆီကိုသွားဖို့သာ မီနာခြေလှမ်းပြင်လိုက်တော့၏။
"စိတ်ထင်ရာလျှောက်လုပ်တာက အကြောင်းမဟုတ်ပေမဲ့ မထိသင့်တဲ့သူကို သွားထိရင်တော့ ပြဿနာတက်နိုင်ပါတယ် ဒါရိုက်တာချုပ် "
ကားထဲဝင်ရုံရှိသေး မျက်မှန်ကိုအသာပင့်တင့်ရင်း ပြောလာတဲ့လက်ထောက်ချာကိုကြည့်ရင်း မိီနာတစ်ချက်ရယ်လိုက်မိ၏။
"ပုံမှန်လုပ်ရိုးလုပ်စဥ်လေးတွေပါ ဂျီဟယ်ရယ် မင်းက ဘာကိုထပ်ပြီးပူနေပြန်တာလဲ"
"တကယ်ကြီးမသိလို့ပြောနေတာလား ဒါရိုက်တာချုပ် "
အနည်းငယ်ထူးတဲ့စကားကြောင့် မီနာ မျက်ခုံးပင့်မိသည်။
ဘာပြဿနာရှိနေပြန်တာလဲ။" ဒါရိုက်တာချုပ်တွေ့ခဲ့တဲ့ အဲဒီမိန်းကလေးက Yoo Seong Groupရဲ့ သမီးအငယ်ပါ။လွန်ခဲ့တဲ့အပတ်ကမှ Haeraနဲ့ လုပ်ငန်းပါတနာတွေအဖြစ် စာချုပ်ချုပ်ခဲ့တာ "
"သြော် "
သိပ်မရှည်တဲ့ ဆံပင်နီညိုရောင်တို့ကို မီနာတစ်ချက်ဖွလိုက်မိသည်။
YOU ARE READING
Cruel(MiChaeng)
Fanfictionထပ်တလဲလဲဖြစ်နေတဲ့နေ့ရက်တွေထဲ မင်းဝင်လာတော့မှ ကိုယ့်ကမ္ဘာကအရောင်စုံသွားတယ်။ မှန်းစမ်း မင်းကပန်းချီဆရာလေးများလား။