ငါရဲ့လက်ဖွဲ့

579 28 0
                                    

"မထင်ထားဘူး ဟရုတိုက ယောက်ျားတစ်ယောက်ကို ကြိုက်မယ်လို့ အဲ့ရည်းစားက ပတ်ဂျောင်ဝူးဖြစ်မယ်ဆိုတာ တွေးလို့တောင်မရဘူး"

"သူတို့နှစ်ယောက်က မီးနဲ့ရေလိုပဲ ဘာမှမဆိုင်ဘူး ဟရုတိုတော့ အဆင်ပြေပါ့မလားမသိဘူး"

အတန်းထဲမှ တီးတိုးသံတွေကို ကြားရပေမယ့် သူ့ဝသီအတိုင်း ဘာမှမကြားခဲ့သလိုပဲ နေရာတွင်ဝင်ထိုင်လိုက်သည်။ သူ့နေရာမှာ ဂျောင်ဝူးသာဆို ရန်ပွဲဖြစ်နေလောက်ပြီ။
ထိုအခိုက် ဖိနပ်သံတွေပြေးသံတွေက အဝေးကနေတောင်ကြားနေရသဖြင့် ဘယ်သူဆိုတာ ထကြည့်စရာမလို ရောက်လာပြီ သူရဲ့ မင်းသားလေး ....

ဂျောင်ဝူးက အရှုပ်ထုပ်လေးဖြစ်သည်။ ဆရာတွေလည်းမနိုင်သလို အတန်းဖော်တွေလည်း လက်မြှောက်ထားရသူဖြစ်သည်။ အရမ်းလည်းသွက်သလို စိတ်လည်းဆက်သူမို့ သူ့ကိုဘယ်သူမှ ရန်မစရဲ စကားကလည်းတက်သည့်အပြင် အငြင်းကလည်း သန်သည်မို့ အကုန်လုံးက အလျော့ပေးထားရသည်။ ဒီလောက်ဆိုးနေပေမယ့် ဆရာဆရာမတွေရဲ့ အချစ်ခံလေးဖြစ်နေသည့် ဂျောင်ဝူးက တကျောင်းလုံးမှာ အဆင့် ၁ ဖြစ်သည်။ မယုံကြည်နိုင်စွာ စာလည်းမလုပ် လျှောက်ဆော့နေသည့်ကောင်လေးက တကျောင်းလုံးရဲ့ ၁ဖြစ်သည်။ စာလည်းတော်သည့်အပြင် မိဘတွေကလည်း ငွေကြေးအသင့်အတင့်ရှိသည်မို့ အကုန်လုံးက သူ့ကို ဘေးမဲ့ပေးထားသည်။
ရုတိုဒီကျောင်းမှာစတက်သည့်အချိန်ကတည်းက သွက်လက်သည့် ဂျောင်ဝူးကိုကြည့်ပြီး သဘောကျခဲ့သည်။ သူ့လိုသွက်လက်ပြီးထက်မြက်သည့်သူတွေတိုင်းကို သဘောကျတာမဟုတ်ပေမယ့် သူကတော့မျက်လုံးထဲ ခဏခဏဝင်လာသည်။ သူကတော့ဖြင့်ကျွန်တော့်ကို မသိခဲ့ပါ။

~~~~~~~~~~~~~~~~~~~~~

"မင်းအဖေက ဝန်ကြီးဆို"

"အင်း ဘယ်သူပြောတာလဲ"

"ဘယ်သူပြောပြောပေါ့ မင်းအဆင့်ဘယ်လောက်လဲ"

"၂၃"

"ညံလိုက်တာ ဝန်ကြီးသားဆိုတော့ တော်မယ်ထင်တာ အလကားပဲ"

"ငါမင်းထက် အမှတ်၂၀ပဲနည်းတာပါ"

ထိုကျောင်းမှာက top students တွေချည်းစုနေပြီး သူတို့အတန်းက အဆင့်အကောင်းဆုံးသူတွေချည်းမို့ တမှတ်ကွာတာနဲ့ အဆင့်ကအရမ်းကွာနေချေပြီ။

HaJeongwoo one shot 🤎Where stories live. Discover now