Thousand Of Charming

92 16 3
                                    

မနက်သုံးနာရီတွင် ဟယ့်ကျွင့်လင် အိပ်မက်ဆိုးတစ်ခုကြောင့် နိုးထလာပြီး မသိစိတ်​အရ သူ့ဘေးနားရှိ တစ်စုံတစ်ဦး၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်မိသည်။ဒါပေမယ့် သူတိုးလိုက်သည့်နေရာက ခပ်အေးအေး လေထုသက်သက်သာ။ယန်ဟောက်ရှန်း မနေ့ညက အိမ်ပြန်မလာခဲ့ပေ ဘာကြောင့်လဲဆို ဟယ့်ကျွင့်ရိ တရုတ်ကိုပြန်ရောက်နေခဲ့တာကြောင့် ဖြစ်နိုင်သည်။

ဟယ့်ကျွင့်လင် အေးစက်စက် အိပ်ရာခင်းပေါ်မှာ ဆက်အိပ်နေလိုက်ပြီး သူအတွေးတွေထဲက အိပ်မက်ကို ထပ်ခါထပ်ခါ ပြန်တွေးနေမိသည်။ဟယ့်ကျွင့်ရိ က ငိုယိုရင်း သူ့ကိုပြောနေခဲ့သည်။

"ယန်ဟောက်ရှန်းကလွဲပြီး ကျန်တဲ့လူဘယ်သူမဆိုရတယ်။ကျွန်တော် သူ့ကို သဘောကျတာ ကိုကိုသိတယ်မလား။"






ယန်ဟောက်ရှန်းနဲ့ ဟယ့်ကျွင့်ရိက ကျောင်းတုန်းက အလိုက်ဖက်ဆုံးအတွဲများဖြစ်ကြသည်။ပြီးပြည့်စုံတဲ့ Alpha နဲ့ Omega အလှလေးတို့ရဲ့ လိုက်ဖက်မှုကို ဘယ်သူမဆို အသိအမှတ်ပြုကြမှာ အမှန်ပင်။

သူတို့ရဲ့ လိုက်ဖက်မှုက အလွန်မြင့်လောက်မည်။
ယန်ဟောက်ရှန်းနဲ့ ဟယ့်ကျွင့်ရိတို့ရဲ့ pheromone အနံ့လေးက သစ်သားစန္ဒကူးနဲ့ သံပုရာနံ့သင်းသင်းလေး ဖြစ်တယ်ဆိုတာကို သူ့အတန်းဖော်ရဲ့ပြောကြားချက်အရသိရသည်။

ဟယ့်ကျွင့်လင်က ဒီအကြောင်းအရာတွေကို ဘာမျှမသိနိုင်သည့် သာမညောင်ည beta လေး တစ်ယောက်သာဖြစ်သည်။လူတိုင်းရဲ့ ​ဖော်ပြချက်အရတော့ သူတို့ရဲ့ အနံ့လေးတွေက တကယ်ကောင်းမွန်တဲ့ အနံ့လေးတွေပဲ ထင်ပါရဲ့။





ဟယ့်ကျွင့်လင်က အိပ်မက်ထဲတွင် သူ့ညီ ဖြစ်သူရဲ့ စွပ်စွဲချက်များကြောင့် ရှက်ရွံ့နေခဲ့ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများ၏ တုံ့ပြန်မှုများကို မကြည့်ရဲခဲ့ချေ။

သူလည်းဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့တာဖြစ်ပြီး အဲ့ဒါက ဟယ့်ကျွင့်ရိ မွေးနေ့မှာ သူနဲ့ယန်ဟောက်ရှန်းကြား ဖြစ်ပျက်ခဲ့တာ ဖြစ်တယ်။

ဟယ့်ကျွင့်လင်က ယန်ဟောက်ရှန်း အရက်သောက်ထားသည့် အရှိန်ကြောင့် အနည်းငယ် သက်တောင့်သက်သာမရှိ ဖြစ်နေတာလို့ ထင်ခဲ့တာဖြစ်သည်။ဒါပေမယ့် သူထင်မထားခဲ့တာက ယန်ဟောက်ရှန်းရဲ့ susceptibility ကာလ က စောစီးစွာ ဝင်ရောက်နေခဲ့တာဖြစ်ပြီး Alpha ရဲ့ ထိန်းချုပ်နိုင်စွမ်းမရှိသည့် ကာလကြောင့် ဟယ့်ကျွင့်လင်မှာလည်း ခံနိုင်ရည်အားမဲ့ခဲ့ရသည်။

Thousand Of  CharmingWhere stories live. Discover now