Let Me

93 10 0
                                    

Unicode✔

မောင်=Taehyun
ဝက်ဝံပေါက်/မောင့်ညိုလုံးလေး=Beomgyu

"မောင်"

အညိုရောင်ဝက်ဝံလုံးလေးဟာ မောင့် ဆီကိုခြေထောက်သေးသေးလေးများဖြင့် ပြေးလာခဲ့သည်။

"မောင်"

ရင်ခွင်ထဲတိုးဝင်လာတဲ့ဝက်ဝံပေါက်လေးကို မောင်က ပွေ့ဖက်သည်။

"မောင်လို့ဆိုနေ ခေါ်နေတာသုံးခေါက်ရှိပြီနော်"

နှစ်ခမ်းလေးဆူကာအလိုမကျသလိုလေးပြောလာတဲ့ ဝက်ဝံပေါက်လေးဟာ မောင့်မျက်လုံးထဲတွင် သုံးနှစ်သားလေးလို။

"မောင် အတွေးလွန်သွားလို့ပါ"

"မောင်နော် မှန်မှန်လိမ် ဘယ်သူ့အကြောင်းတွေးနေတာလည်း"

"မောင့်ရှေ့က ဝက်ဝံပေါက်လေးအကြောင်းကိုတွေးနေတာပါဗျာ"

"ဟာ ရှက်စရာကြီး"

သိပြီးသားမေးခွန်းကိုခဏခဏမေး ပြီးရက်လည်းအရှက်သည်းတတ်သေးတဲ့
ကျွန်တော့်ရဲ့ချစ်ရသူလေးရဲ့ချစ်ဖို့ကောင်းမှုကို ဘယ်သူမှ မှီ မယ်မထင်ပါဘူး။

"ကြည့် ကြည့် ထပ်ပြီးတွေးနေပြန်ပြီ"

မျက်မှောင်လေးကုတ်ကာ အပြစ်တင်သလိုလေသံလေးနဲ့ပြောလာသော ဝက်ဝံပေါက်။

"မောင် တွေးလိုက်တဲ့အကြောင်းအရာတစ်ခုချင်းဆီက မောင့်ဝက်ဝံပေါက်လေးရဲ့အကြောင်းပါဘဲ"

အရှေ့ကဝက်ဝံပေါက်ကိုပွေ့ချီလိုက်တော့လန့်သွားသည်ထင် မျက်ဝန်းလေးတွေကဝိုင်းစက်ကာ ပါးစပ်လေးအနည်းငယ်ဟလာသည်။

"မောင် အောက်ချပေး"

"ချီမယ်လေ"

"ဟင့်အင်း အောက်ဘဲချပေး"

"သဘောပါဗျာ"

ဝက်ဝံပေါက်လေးအလွန်သွားချင်နေသည့် ညစျေးတန်းကိုခေါ်လာလိုက်သည်။

"ဝါး မောင် ညစျေးတန်း"

"မောင့် ဝက်ဝံပေါက်လေးသွားချင်နေတာမောင်သိတယ်လေ"

"မောင့်ကို အဲ့ဒါကြောင့်ချစ်တာ"

ပါးကိုနမ်းကာပြောလာသောဝက်ဝံပေါက်လေးကြောင့် ရင်ထဲကလားဘုရားပွဲတွေလှည့်ကုန်သည်။

Let MeWo Geschichten leben. Entdecke jetzt