Only Look At Me

569 85 21
                                    


Only Look At Me

"ကလေးငယ်"

ထွက်သွားသောဘတ်စ်ကားလေးနောက်ကျွန်တော်ပြေးလိုက်မိသည်။ဘယ်လောက်ထိလည်းဆို slipper တစ်ဖက်ကဘယ်နားမှာချော်ပြီးကျွတ်ထွက်သွားလည်းမသိသည့်တိုင်အောင်ပင်။

"အဝေးကြီးမပြေးပါနဲ့ကလေးငယ်ရယ်
ကိုယ်ကိုယ်မင်းနောက်မလိုက်နိုင်တော့မှာကြောက်တယ် "

ဝုန်း

ကတ္တရာလမ်းထက်ပစ်လဲကျသွားသောလူငယ်လေးတစ်ယောက် ဒူးနှစ်ဖက်မှာသွေးတွေစို့လို့နေချေပြီ။တဆတ်ဆတ်တုန်ရီနေသောနှုတ်ခမ်းပါးများမှ တူညီသောစကားတစ်ခွန်းကိုသာရွတ်ဆိုလျှက်

"မင်းမရှိလို့မဖြစ်ဘူးလေကွာ "

∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆

တစ်စတစ်စယိုစိမ့်လာသောသွေးသည်ပြင်ပခန္ဓာကိုယ်မှမဟုတ်ဘဲ သူ့နှလုံးအိမ်ထဲကဖြစ်သည်။ဆုံးရှုံးသွားလို့မဖြစ်ကြောင်းဆုံးရှုံးပြီးမှသိခဲ့ရသဖြင့် ရင်ထဲမခံချိမခံသာဖြစ်လွန်းလှ၏။

"ဘာလို့ကားနောက်ပြေးလိုက်ရတာလည်းဂျောင်းဂုရယ် ခုဝောာ့သွေးထွက်သံယိုတွေဖြစ်ကုန်ပြီ"

"ကလေး~ကလေးငယ်ကိုတွေ့လိုက်တယ်"

"မဖြစ်နိုင်တာ
ဆော့ဂျင်ကသူ့အမျိုးသားနဲ့ America ကိုအပြီးထွက်သွားပြီလေ"

"မဟုတ်ဘူး မဟုတ်ဘူး သူပြန်လာမှာ
ကလေးငယ်ကငါ့ကိုစိတ်ကောက်နေတာ စိတ်ဆိုးပြေရင်ပြန်လာမှာပါ သူကငါ့ကိုဘဲချစ်တာမင်းတို့အသိဘဲလေကွာ"

"အမှန်တရားကိုဘယ်တော့မှလက်ခံမှာလည်းဂျောင်းဂု အားလုံးဖြစ်ပျက်ပြီးခဲ့တာသုံးနှစ်ကြာခဲ့ပြီနော်"

ဆေးသေတ္တာကိုသယ်ကာသူငယ်ချင်းဖြစ်သူမင်ယွန်းဂီသည်သက်ပြင်းဖွဖွချကာ ကွန်ဒိုတွင်းမှထွက်သွား၏။ ကျန်နေခဲ့သူသည်ဒူးနှစ်ချောင်းပေါ်ခေါင်းမှောက်ကာရှုံးပွဲချငို၏။
လွန်ခဲ့သောသုံးနှစ်ကအဖြစ်ပျက်များသည် မန်မိုရီတစ်ခုသဖွယ်အစီစဉ်တကျပြန်ပေါ်လာလေလျှင်....။

တခုတ်တရပါဘဲကလေးငယ်..
ကိုယ်အကြိမ်ကြိမ်ကျောခိုင်းခဲ့သမျှ..စိမ်းကားခဲ့သမျှ..အမြဲငေးမောကြည့်ခဲ့တဲ့..ကလေးငယ်က..ကိုယ့်ဆီကပြောင်းလဲခြင်းတွေမျှော်လင့်နေရတာပင်ပန်းလွန်းသွား၍ထင်...တစ်ကြိမ်တစ်ခါပါဘဲ..ကိုယ့်ကိုပြန်ကျောခိုင်းသွားခဲ့တယ်..သို့သော် ပြန်မလာခဲ့တော့ချေ..။

You've reached the end of published parts.

⏰ Last updated: Jan 12 ⏰

Add this story to your Library to get notified about new parts!

Only Look AT Me....!!!Where stories live. Discover now