681 - 685

138 8 0
                                    


Godly Sword System
Chapter 681 မလုံလောက်သေးဘူး
Translated by Thura

အရှေ့ကို ထွက်လာတဲ့ ယွမ်ဂိုဏ်းတပည့်ရဲ့အသက်က ယန်ချီအရွယ်လောက်ပဲ ရှိပါတယ်။

အဲ့ဒီတပည့်က အနည်းငယ် ချောမောခန့်ညားသူ တစ်ယောက်ဖြစ်ပြီး အဆင့် ၄၅ မဟာစိတ်ဝိဉာဉ်ဘုရင် အဆင့်ပါ။

ဒါပေမယ့် ယန်ချီအရှေ့မှာတော့ စကားထဲ ထည့်ပြောဖို့ မထိုက်တန်ပါဘူး။

“ယန်ချီ တိုက်ခိုက်ကြမယ်”

အဆင့် ၄၅ မဟာ စိတ်ဝိဉာဉ်ဘုရင်အဆင့် တပည့်က ယန်ချီကို စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။

“မင်း တစ်ယောက်ထဲနဲ့ မလုံလောက်သေးဘူး”

ယန်ချီက ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းလိုက်ပြီး ပြောလိုက်တယ်။

အဆင့် ၄၅ မဟာ စိတ်ဝိဉာဉ် ဘုရင်အဆင့် တပည့်က အံ့အားသင့်သွားခဲ့တယ်။ သူက ယန်ချီတစ်ယောက် ဒီလို ပြောဆိုလိမ့်မယ်လို့ မထင်ထားမိဘူးလေ။

“မင်းက ဘာကို ပြောချင်တာလဲ”

အဆင့် ၄၅ မဟာ စိတ်ဝိဉာဉ်ဘုရင်အဆင့် တပည့်က ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။

“ငါ ပြောချင်တာက အရမ်း ရိုးရှင်းပါတယ်။ မင်းရဲ့ စွမ်းအားနဲ့ ငါ့ရဲ့ ပြိုင်ဖက် မဖြစ်နိုင်ဘူးလေ”

ရင်ပြင်ထက်မှာ ရှိနေတဲ့ ယွမ်ဂိုဏ်း တပည့်တွေက ဒီစကားကို ကြားတဲ့အခါ ယန်ချီကို ဒေါသတကြီး ကြည့်မိလိုက်တယ်။

သူတို့တွေက ယန်ချီကို အလွန် မောက်မာတယ်လို့ ခံစားမိနေခဲ့တယ်။ သူတို့ရဲ့ မျက်စီနဲ့ သာ မြင်နေတာ မဟုတ်ဘူးဆိုရင် ယန်ချီလို မောက်မာတဲ့ လူက ဒီလောကမှာ ရှိမှာတောင် မဟုတ်ပါဘူး။

“ယန်ချီ မင်း .. .”

အဆင့် ၄၅ မဟာ စိတ်ဝိဉာဉ်ဘုရင်က ယန်ချီကို ဒေါသတကြီး ကြည့်လိုက်တယ်။

“ငါ့ကို ထပ်ထည့်လိုက်”

ရုတ်တရက် အသံ တစ်သံကို လူတိုင်း ကြားလိုက်ရတယ်။

ဒီနေရာမှာ ရှိတဲ့ လူတိုင်းက အသံထွက်ပေါ်ရာဆီ လှည့်ကြည့်လိုက်ကြတယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now