Still the One // 🦊🐷 //

2.6K 171 38
                                    


Still______________________________________________THE _______________________One___________________________________________




_



_

ပေကျင်းမြို့ရဲ့ နာမည်ကြီး private ကျောင်းတစ်ကျောင်းဖြစ်တဲ့ TPSS ကျောင်းတော်ကြီး။
ဖြူနီပြာဝါ စဖြင့်ရောင်စုံပန်းများ ပွင့်ဖူးနေသည့်အလား ကျောင်းသား၊ကျောင်းသူများဟာ များပြားလျက်။
တလှုပ်လှုပ်ဖြင့် ကျောင်းအတွင်းဝင်ထွက်သွားလာလို့နေ၏။

ထို့အထဲတွင် ဦးလေးဖြစ်သူ၏ အကူအညီ‌ထောက်ပံ့မှုကြောင့် အောက်ခြေလူတန်းစားနှင့်လူလတ်တန်းစားအချို့ပင် မကပ်နိုင်သည့် TPSS ဆီသို့ ‌ဝမ်ရိပေါ် ဟူသည့် ကျောင်းသားလေးသည်လည်း တက်ရောက်နေသည်။

ရိပေါ်တို့မိသားစုလေးသည် ချမ်းသာသည့်အထဲတွင် မပါသလိုဆင်းရဲသည့်အထဲတွင်လဲမပါပေ၊ မိသားစုသည် ၄ယောက်တည်းသာမို့ လောက်လောက်ငှငှ စားသောက်နိုင်သည်သာမက, ပိုပိုလျံလျံစုဆောင်းနိုင်သည့် အခြေအနေရှိသည့် မိသားစုလေးပင်ဖြစ်၏။

သိူ့သော် လူကုံထံအသိုင်းအဝိုင်းတို့ စုဝေးရာ ဒီကျောင်းတော်ကြီးအား တက်ခွင့်ရသည်မှာ ရိပေါ်ပါး၏ ညီ ဦးဦးကု ကျေးဇူးကြောင့်ပင်။

သူများတွေလို Brandတွေ မဝတ်နိုင်ပေမဲ့ သန့်သန့်ပြန့်ပြန့်‌နေတက်သည်မို့ ရိပေါ်သည် သာမန်ထက် ကြည့်ကောင်းနေသည့်အမျိုးအစားတွင် ပါဝင်၏။

လူချမ်းသာသားသမီးများအား ကပ်ဖားယက်ဖားမပေါင်းတက်သလို၊ပြဿနာမဖြစ်အောင်လဲနေ၏။

အရာရာတွင် သူ့စည်း၊ကိုယ့်စည်းဟူ၍ စည်းတစ်ခုစီထားတာ နေသောကြောင့် ရိပေါ်သည် ထိုကျောင်းထဲတွင် အဆင်ပြေပြေတက်ရောက်နေရခြင်းဟု၍ ရိပေါ် ထင်မြင်မိသည်။

ထိုသည်ကား ရိပေါ်၏ အတွေးအချို့ဟုပင် ယူဆ‌နိုင်၏။

လူချမ်းသာသားသမီးများ၏ သုံးပုံတစ်ပုံသည် ဆိုးသွမ်းလွန်းကြ၏။
သူတို့အချင်းချင်းပင် ပြိုင်ဆိုင်ကြသည့်အပြင် အကယ်၍ သူတို့ထက် နိမ့်ကျသူရှိလျှင်လည်း အနိုင်ကျင့်နှိပ်ကွပ်တက်ကြသည်မှာ သဘာဝပင်။

Still THE One /ZSWW/ [ COMPLETED ] Where stories live. Discover now