"ဤလက်များဖြင့်ဖန်တီးခဲ့‌သော"

20 6 0
                                    

Unicode Version

ဦးနှောက်ထဲမှ ဆဲလ်သေများ ပြန်လည်ရှင်သန်လာသောအခါ လင်းယူ သူမ၏လက်ရှိအခြေအနေကို နားလည်လာ၏။ သို့သော်လည်းအပြည့်အဝတော့ မဟုတ်သေးပေ။ သူမ၏လက်ရှိစိတ်အခြေအနေမှာ ကစဉ့်ကလျားဖြစ်သည်ဟုမဆိုသာသော်လည်း တည်ငြိမ်သောရေကြည်ကန်ကဲ့သို့ မတည်ငြိမ်နိုင်ရှာသေး။

ဝါကျင့်ကျင့်ကြေးမုံပေါ်မှာပေါ်နေတဲ့ သွင်ပြင်နှင့် ရောက်ရှိနေသော နေရာဒေသ‌ကြောင့် လင်းယူဝေခွဲမရဖြစ်နေခဲ့ခြင်းသာ။ကြေးမုံပေါ်က သွင်ပြင်ဟာ သေချာပေါက်သူမကိုယ်တိုင်ပင်ဖြစ်ပါလျက် အပြင်အဆင်ကတော့ သူမလုံးဝမပြင်ဆင်ခဲ့ဖူးသောကြောင့်ပြင်။ မှန်ထဲက သူမဟာ ဗေဒါအရောင်ရိုးရှင်းသောဝတ်ရုံကို ဝတ်ဆင်ထားလျက် ‌တင်ပါးကျော်သောဆံနွယ်များကို လျော့ရဲစွာစည်းနှောင်ထား၏။ ဖြူလျော့နေသောမျက်နှာနှင့်ညီစွာ နှုတ်ခမ်းသားများမှာလည်း ကွဲအက်နေ၏။
နောက်တစ်ခုက သူမရောက်ရှိနေတဲ့နေရာပင်။ ညှို့မှိုင်းမှိုင်း အဆောင်တစ်ခုဖြစ်သလို ထိုနေရာမှာ အိပ်ရာတစ်ကုတင်တစ်ခုရယ် ရှေးဗီရိုတစ်ခုရယ် အဝါရောင်ကြေးမုံတစ်ခုသာလျှင်ရှိ၏။ အလွန်မွှေးလွန်းတဲ့ အမွေးရနံ့အိတ်လေးတစ်ခုကိုလည်း လင်းယူသတိထားမိ၏။

အသက်၁၈နှစ်လောက် တိုးတက်နေသော ခေတ်နှင့်ကမ္ဘာမှာနေခဲ့ရသောသူ့အတွက် အချိန်ယန္တရားနောက်ပြန်လှည့်ခြင်း၊အချိန်ခရီးသွားခြင်းဟူသော ဝေါဟာရများနှင့် စိမ်းမနေ။ ဒါ့ကြောင့် လက်ရှိရောက်နေသော နေရာဒေသကို ဒါဟာရုပ်ရှင်ရိုက်နေတာလား ဆိုတဲ့ အူကြောင်ကြောင်မေးခွန်းမျိုးလုံးဝထုတ်မေးမည်မဟုတ်။

ပိုပြီးသေချာတာတစ်ခုက တစ်ဖက်ကမ္ဘာက သူမက သေဆုံးသွားခဲ့ပြီးသားဆိုသည်မှာ သေချာ၍ပင်။ အကြောင်းအရင်းမှာ ပြောပြလျှင်ပင်မယုံကြည်နိုင်စွာပင်။ ၁၀နှစ်ကျော်ပေါင်းသင်းလာသော နားလည်မှုအပေးနိုင်ဆုံး၊သူမကို သိပ်ချစ်‌သော သူငယ်ချင်း၏ လက်ဖြင့်သေဆုံးခဲ့ခြင်းသာ။

ဖြစ်ပြီးသောအကြောင်းအရာများဖြစ်ပြီးပါစေတော့ဟု သတ်မှတ်ယုံပင်။သူမ တစ်ကြိမ်သေပြီးသလို တစ်ကြိမ်ထပ်ရှင်သန်ဖို့အခွင့်အရေးရခဲ့ပြီးဖြစ်၏။ ဒါမျိုးအခွင့်အရေးက လူသားတိုင်းမရနိုင်ဘူးဆိုတာ လင်းယူသေချာပေါက်နားလည်၏။ဒါကြောင့်သူမ နားလည်ပြီးတွေးမိတာက ကောင်းကောင်းရှင်သန်သွားဖို့ပင်။

"တွယ်ငြိရစ်နွယ်လေပြီးသော"Место, где живут истории. Откройте их для себя