28.2

279 66 0
                                    

Chapter(28)အဆက်

၁၁နာရီလောက်ကျတော့ သူတို့အိမ်ပြန်ရောက်လာပြီး ကျန်းရီဖေးက လင်းယုတုန်နှင့်အတူ ရေချိုးချင်သည်။ဒါပေမဲ့ လင်းယုတုန်က မနက်ဖြန် updateလုပ်ဖို့အချိန်မရှိတာကြောင့် သူက ကျန်းရီဖေးကို အရင်ရေချိုးဖို့ပြောလိုက်ပြီး သူက updateလုပ်နေလိုက်သည်။သူလုပ်ပြီးသွားချိန်မှ သူက တုံ့ဆိုင်းနေပြီးမှ ရေချိုးခန်းထဲကို ရေချိုးဖို့ဝင်သွားလိုက်သည်။ရေချိုးပြီးနောက် နွားနို့နှစ်ခွက်ကို အိပ်ခန်းထဲကို ယူလာပြီး သူက အိပ်ရာကိုသွားပြီး ကျန်းရီဖေးကို တစ်ခွက်ပေးပြီးပြောလိုက်တယ် "သောက်လိုက်..ဒါက အစာအိမ်အတွက်ကောင်းတယ်"

ကျန်းရီဖေးက လင်းယုတုန်ကို ကူကယ်ရာမဲ့စွာ ခဏလောက်ကြည့်နေပြီးမှ ပြောလိုက်တယ် "မင်း ကိုယ့်ကို အခု ဒီနို့သောက်စေချင်တာသေချာရဲ့လား?မင်းက ဒီလိုမျိုးဝတ်ထားပြီး ကိုယ့်ဘေးမှာလဲနေ..."

လင်းယုတုန်က ဦးညွှတ်လိုက်တယ် "ဒီလိုဝတ်ထားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ?ဒါက ညအိပ်ဝတ်စုံတစ်ခုဘဲမဟုတ်ဘူးလား?"

ကျန်းရီဖေးက နှာခေါင်းရှုံ့ပြီး နွားနို့ကိုသောက်ပြီး သူ့နှုတ်ခမ်းကိုပွတ်ပြီး ပြောလိုက်တယ် "အဲဒါက လျော့ရဲနေတယ်။ကိုယ် အဲဒါကိုမြင်တဲ့အခါ ဆွဲဖြဲပစ်ချင်လာတယ်"

လင်းယုတုန် "....."

လင်းယုတုန်က ညာဘက်ကို အမြန်ရွှေ့လိုက်ပြီး "ခင်ဗျားကို ကျွန်တော်ပြောမယ်။ဒါက အသစ်ဘဲရှိသေးပြီး ဈေးကြီးတယ်။ဒါက စွဲတွဲလိုက်ဆိုတာ ခင်ဗျားသိလား?တကယ်လို့ခင်ဗျားကို ဖြဲပစ်ရင် ဒါက စုံတွဲညအိပ်ဝတ်စုံဖြစ်တော့မှာမဟုတ်ဘူး။ခင်ဗျား သေချာတွေးရမယ်"

ကျန်းရီဖေးက ပြောလိုက်တယ် "ဒါဆို မင်းကိုယ်တိုင် ဘာလို့မချွတ်တာလဲ?"

လင်းယုတုန်က အိပ်ရာမှအမြန်ထပြီး ကျန်းရီဖေးရဲ့အဝတ်ကိုထုတ်ပေးကာ "ခင်ဗျား အဲဒါဝတ်လိုက်။ဒါက တကယ်ကိုသက်သောင့်သက်သာရှိတယ်။ခင်ဗျား အဲဒါကို မတွန့်ဆုတ်ဘဲ ဖြဲလို့ရတယ်"

ကျန်းရီဖေးက ခွက်ကိုချပြီး အိပ်ရာပေါ်ကဆင်းပြီး လင်းယုတုန်ရှေ့မှာဘဲ သူ့အတွင်းခံကိုချွတ်ပြီး ညအိပ်ဝတ်စုံအသစ်ကို ဝတ်လိုက်သည်။သူလှုပ်ရှားလိုက်တိုင်း ရဲ့တင်းမာပြီးအားကောင်းတဲ့ကြွက်သားတွေ အထူးသဖြင့် ညအိပ်ဝတ်စုံကဖုံးကွယ်ထားသည့် ပေါင်မုန့်ရှစ်ခုသည် အနုပညာပြပွဲတစ်ခုလိုဖြစ်နေသည်။

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now