Still the One // 🦊🐷 //

1K 134 23
                                    


Still______________________________________________THE _______________________One___________________________________________

.

.

ဇာတ်တိုက်ထားရင်တောင် လွဲဦးမည်။
အဲ့နေ့ညကစပြီး ရိပေါ်ရဲ့ဦးလေးက ရုတ်တရက်ကြီး Korea ကိုပြောင်းမယ်ပြောလာခဲ့သည်။
တူဖြစ်သည့် ရိပေါ်ကိုပါ တပါတည်းခေါ်သွားမည်ဟုဆိုလာသောကြောင့် ရိပေါ်မှာ မိဘတွေကိုလဲ ကောင်းကောင်းမနှုတ်ဆက်လိုက်ရသလို ရှောင်းကျန့်ကိုတောင် ဖုန်းဆက်ခွင့်မရလိုက်ပေ။

ထိုနေ့ကတည်းက အဆက်အသွယ်ပျက်ခဲ့သည်မှာ ရိပေါ် လုပ်ငန်းခွင်ဝင်သည့်အရွယ်ရောက်သည့်တိုင် ရှောင်းကျန့်နှင့် မတွေ့ရတော့ပေ။

" ပေါ်ပေါ်  ငါတို့ဒီည နှုတ်ဆက်ပွဲ လုပ်ပေးရမှာနော် "

" ဟုတ်ကဲ့ ကျွန်တော်ဒကာခံပါ့မယ် "

ရိပေါ် ကျုံးကော်ကို ပြန်ရမည်။ ဒီမှာကျောင်းတက်၊အလုပ်,လုပ်လိုက် မိဘတွေဆီ ထောက်ပံ့လိုက်နှင့်  အချိန်ကုန်နေသည်မှာ အသက်၂၅နှစ်တောင်ရှိနေပြီ။
ဒါကိုပဲ မိဘတွေက မိန်းမပေးစားမယ်ဆိုတာသိသိရက်နဲ့ လွမ်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်ပြန်ခေါ်နေကြသည်။

စီနီယာနဲ့တစ်ခေါက်လောက်ပြန်တွေ့ခွင့်ရရင် အကောင်းသား၊ ဘာရယ်မဟုတ်ပါဘူး ဒီတိုင်း ငယ်စဉ်ကရူးသွပ်ခဲ့တဲ့အချစ်ကြီးကို ပြန်တွေ့ရင် ဘယ်လိုနေမလဲ မပြောတက်ပေမဲ့ အခုလောက်ဆို စီနီယာက မိန်းမတွေရကလေးတွေပါရနေပြီလားမသိ။

ဟူးး ကျုံးကော်မှာ ကံဆိုးမှုတွေမရှိဖို့မျှော်လင့်ပါသည်။

*********

ဧကပေါင်းများစွာကျယ်ဝန်းသည့် မြေကွက်ပေါ်တွင် ‌ဆောက်လုပ်ထားသည့်အိမ်တော်ကြီး။
ထည်ဝါမှုကအံ့မခန်း။
ထိုအိမ်တော်ကို ပိုင်ဆိုင်သူကို God Fatherလို့ အများက ခေါ်ကြသည်။

" Boss မနေ့က အပြည်ပြည်ဆိုင်ရာAirport က ဖုန်းဆက်လာပါတယ် ဝမ်ရိပေါ် လို့ခေါ်တဲ့......"

" အချက်အလက်တွေအကုန် ငါ့လက်ထဲအရောက်ထည့်ပေး Mailထဲ ပြည့်ပြည့်စုံစုံရောက်နေတာပဲလိုချင်တယ် "

Still THE One /ZSWW/ [ COMPLETED ] Where stories live. Discover now