29

273 58 0
                                    

Chapter(29)သံသယများ

ဟွားဟိုင်လမ်းတွင်"ဖန်းချင်း"လို့ခေါ်သည့်ငါးဟော့ပေါ့စားသောက်ဆိုင်တစ်ဆိုင်ရှိသည်။စားသောက်ဆိုင်အတွင်းမှာ စုစုပေါင်းဟော့ပေါ့အိုးရှစ်ခုသာရှိပေမဲ့ စီးပွားအလွန်ဖြစ်သည်။ဒီစားသောက်ဆိုင်က ယာတောအိမ်နှင့်တူသည်။ဒီမှာလူကြိုက်အများဆုံးက အိုးကြီးထဲမှာစွပ်ပြုတ်ချက်ထားတာဖြစ်သည်။ငါးဖြစ်ဖြစ် ကြက်ဖြစ်ဖြစ် ထင်းမီးဖိုနှင့်ချက်ပြုတ်ထားတာဖြစ်ပြီး သူတို့က ရှေးဟောင်းသံအိုးကိုအသုံးပြုပြီး အသားနှပ်ထားတာဖြစ်သည်။မင်းဘယ်လောက်အရသာရှိလဲဆိုတာ ပြောနိုင်သည်။ဒီနေရာက လင်းကျီဆောင်နှင့်ချန်စုနင်တို့၏အကြိုက်ဆုံးနေရာဖြစ်ပြီး ပုံမှန်အားဖြင့် အလုပ်များနေတာကြောင့် ဒီနေရာကို မကြာခဏမလာဖြစ်ဘူး။

လင်းယုတုန်က သူကြီးလာပြီးနောက် သူ့မိဘတွေနှင့်အတူ အပြင်မှာ အေးအေးဆေးဆေးစားသောက်ရန် ရှားပါးတာကို တွေးပြီး ညနေငါးနာရီခွဲမှာ စားသောက်ဆိုင်မှာတွေ့ဆုံရန် သူ့မိဘတွေနှင့်ကြိုတင်ချိန်းဆိုထားလိုက်သည်။သူက ငါးနာရီမိနစ်၂၀လောက်မှာဘဲ ကြိုတင်ရောက်လာပြီး ချက်ပြုတ်ဖို့ရာလုပ်ငန်းစဉ်က ရှည်လျားခြင်းမှ ရှောင်ရှားနိုင်ရန် သူ့မိဘများရောက်လာသည်နှင့် စားသောက်နိုင်ရန် သူ့မိဘများနှစ်သက်သည့်အစားအစာများကို အထူးရွေးချယ်ထားသည်။ငါးနှင့်အရံဟင်းအားလုံးကို ရွေးချယ်ပြီးနောက် ဝိတ်တာကို အိုးထဲမှာချက်ပြုတ်ခိုင်းလိုက်သည်။

လမ်းပေါ်မှာတော့ လင်းကျီဆောင်က ကားမောင်းပြီး သူ့ဘေးမှာချန်စုနင်က ထိုင်နေပြီး အနည်းငယ်စိုးရိမ်နေပြီး ပြောလိုက်တယ် "ဆောင် ရှင်ပြောကြည့် ရှင့်သားက လိမ္မာပြီးကိုယ်ကျိုးမငဲ့တဲ့သူပါ။သူ ဘာကြောင့် ကျွန်မတို့ကို အတူအပြင်ထွက်စားဖို့မေးတာလဲ?ရီဖေးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်လို့များလား?"

လင်းကျီဆောင်ကိုကြည့်ရတာတော့ ခံစားချက်ကောင်းနေပုံရပြီး သူကရယ်ပြီးပြောလိုက်တယ် "လောင်ဖော် ကိုယ်တို့ကိုဘာလို့ခေါ်ရလဲဆိုတော့ ချစ်ပြီးဂရုစိုက်လို့ပေါ့..ကိုယ့်အထင်တော့ သူတို့လုပ်တာ အရမ်းကောင်းတယ်..ဘာများရှိနိုင်မှာလဲ?"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now