Still the One // 🦊🐷 //

1.1K 131 23
                                    

Still______________________________________________THE _______________________One___________________________________________


.

.

.....

တိတ်ဆိတ်တဲ့ကော်ဖီ‌ဆိုင်လေးမှာ သီချင်းသံသဲ့သဲ့လေး ပျံ့လွှင့်နေတယ်၊ ရိပေါ်နားထောင်မိသလောက် သီချင်းနာမည်က  Little do you Knowဖြစ်လောက်သည်။
ဘယ်လိုကြောင့် ဒီရောက်လာလဲမသိပေမဲ့ ဒီတိုင်းရောက်ဖြစ်ခဲ့တယ်ဆိုပါတော့..
ကတ်သီးကတ်အောင့်နိုင်လှသည်မဟုတ်ပေမဲ့ ရိပေါ် မျက်နှာ အနည်းငယ်ပူမိသည်။

အငွေ့တထောင်းထောင်းထနေတဲ့ကော်ဖီခွက်ကို ငေးစိုက်ကြည့်ရင်း ရိပေါ်စကားမဆိုမိ၊
သူကတော့ ရိပေါ်ကို ငေးကြည့်နေသည်ကို ခံစားနေရသည်။

အခုချိန်ထိ သူတို့နှစ်ယောက်က ချစ်သူရီးစားဆက်ဆံ‌ရေးလား ဒါမှမဟုတ် ငယ်ငယ်က တစ်ကျောင်းတည်းအတူတက်ခဲ့တဲ့စီနီယာ၊ဂျူနီယာဆက်ဆံရေးလား..

" ဟို.. ကျွန်တော်.. အလုပ်ရှိသေးလို့ "

" အခုထိ ရက်စက်နေတုန်းပဲကိုး...! "

" ဗျ..ဗျာ.."

သူ့ထက်အရာရာကိုဦးစားပေးဖို့ကြံနေတဲ့ ဝမ်ရိပေါ်ကို ခနဲ့စကားဆိုလိုက်ပေမဲ့ အူလည်လည်လေး မေးလာပြန်တော့လဲ ရှောင်းကျန့် စိတ်မဆိုးရက်ပြန်တော့..!

ဟားး ဝမ်ရိပေါ်ရာ ကိုယ်ဘာလို့ မင်းဆီမှာပဲ ကျရှုံးနေရတာလဲ..!
တစ်ခါလဲမဟုတ်ဘူး နှစ်ခါလဲမဟုတ်ဘူး ထပ်ခါထပ်ခါ.. အကြိမ်ကြိမ် !!

" ဟို.. ရှောင်းကျန့် နေကောင်းတယ်မလား.. နောက်မှဆုံကြတာပေါ့ ကျွန်တော် အလုပ်က ဒီနေ့မှ စဆင်းတာမို့ နောက်မကျချင်လို့ပါ "

" ဖုန်းနံပါတ် .. "

" ဟမ်?? !! အာ ဟုတ်.. ဖုန်းပေးပါလား ကျွန်တော်ရိုက်ထည့်ပေးမယ်လေ "

ဖြူအုအုလက်ကလေးကို ငေးကြည့်နေမိသည်။တစ်ချိန်က သူ တယုတယကိုင်ခွင့်ရတဲ့လက်ကလေး။
အခုမှ ဘာလို့ သူစိမ်းတွေလို စိမ်းကားသွားရတာလဲ နားမလည်နိုင်ဘူး

ဝမ်ရိပေါ်က တကယ်ရက်စက်တယ်

သူတို့၂ဦးသဘောတူပြတ်စဲခဲ့ကြတာမှမဟုတ်ဘဲ..

Still THE One /ZSWW/ [ COMPLETED ] Where stories live. Discover now