691 - 695

141 12 0
                                    


Godly Sword System
Chapter 691 မင်းတို့ ဟွိုင်မျိုးနွယ်က ထိုက်တန်တယ် ထင်နေတာလား
Translated by Thura
ဟွိုင်မျိုးနွယ် မဟာအကြီးအကဲနဲ့ စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်ကျော်က ယန်ချီကို စူးစိုက်ကြည့်လိုက်ကြတယ်။

သူတို့ ဟွိုင်မျိုးနွယ် က လင်ယွင်မြို့မှာ ထိပ်တန်းမျိုးနွယ်တစ်ခုဖြစ်ပြီး ဘယ်သူမှ သူတို့ ဟွိုင်မျိုးနွယ် ကို မကျေမနပ် မပြုရဲပါဘူး။

“ဂျူနီယာ မင်း သေချင်နေတာလား”

ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက ယန်ချီကို အေးစက်စက် ပြောလိုက်တယ်။

ယန်ချီကတော့ တည်ငြိမ်တဲ့ အမူအယာနဲ့ ဟွိုင်မျိုးနွယ် မဟာအကြီးအကဲကို ကြည့်ပြီး ပုံမှန်အတိုင်း ပြောလိုက်တယ်။

“မင်းက အဆင့် ၇၁ စိတ်ဝိဉာဉ်သူတော်စင်အဆင့် ဆိုတာကြောင့် ငါ့ကို စကားပြောဖို့ ထိုက်တန်ရဲ့လား”

“ဟူး. . .”

ဒီစကားကို ကြားတော့ ဟွိုင်မျိုးနွယ် က စိတ်ဝိဉာဉ်ပညာရှင်တွေ သာမက စံအိမ်ဝန်းထဲမှာ ရှိတဲ့ လူတိုင်း ပင့်သက်ရှိုက်မိလိုက်တယ်။

ယန်ချီက ဒီလောက်ကြီးေ မာက်မာမှန်း သူတို့တွေ လုံး ဝ မတွေးမိခဲ့ပါဘူး။

“ကောင်းပြီလေ. . ”

ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက အလွန် ဒေါသထွက်တာကြောင့် စကားသုံးလုံးကိုသာ ပြောနိုင်ခဲ့တယ်။

သူ့စိတ်ထဲမှာတော့ ဒေါသတွေ အလိမ့်လိမ့် ထွက်နေခဲ့ပါပြီ။

ချက်ချင်းပင် ဟွိုင်မျိုးနွယ် မဟာအကြီးအကဲက ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်ကို ကြည့်ပြီး အေးစက်စက် မေးလိုက်တယ်။ “မျိုးနွယ်ခေါင်းဆောင် ပိုင် မင်း သူ့ကို ကူညီမှာလား”

“ငါ. . . ”

ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်ရဲ့ စကားမဆုံးခင်မှာပဲ ယန်ချီက ကြားဖြတ်ပြောလိုက်တယ်။

“ငါက အခြားသူတွေရဲ့ အကူအညီ လိုအပ်တယ်လို့ ထင်နေတာလား”

ယန်ချီက သတိလက်လွှတ်ပြောလိုက်တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now