Still the One // 🦊🐷//

1.2K 142 25
                                    

Still______________________________________________THE _______________________One___________________________________________


.


.

ရိပေါ် ရှောင်းကျန့်နဲ့ တစ်ခန်းတည်းနေ,နေရတာ တစ်ပါတ်တိတိရှိပြီ။
အတွင်းရေးမှူးဆိုတိုင်း CEO ရုံးခန်းထဲ ဆွဲသွင်းထားခြင်းကြောင့်ဖြစ်သည်။
တစ်ရုံလုံးလဲသိနေကြပြီ၊
Boss နဲ့ အတွင်းရေးမှူးလေးတို့ရဲ့ဆက်ဆံရေး။
Bossဘက်က တအားဖြစ်နေပြီး အတွင်းရေးမှူးလေးက လက်မခံဘူးဆိုတာလဲ အကုန်သိသည်။
အတိတ်က ပတ်သက်မှုမျိုးဆိုတာလည်း အကုန်သိကြသည်။

Bossရော အတွင်းရေးမှူးလေးကရော အဆင်လေးတွေမို့ အလုပ်ထဲကပျိုပျိုမမတွေက နှမျောပေမဲ့ သူတို့ကိုမှ တစ်ယောက်မှလာမကြိုက်ဘဲ၊ မစားရအညော်ငံ အကုန်ငမ်းနေမိသည်။

ဪ ကုသိုလ်ကံကောင်းလိုက်တဲ့သူတွေများ ချစ်ပြီးရင်းအချစ်ခံရသလို၊ ချောတဲ့သူတွေကြတော့လည်း ချောပြီးရင်းချော။

အလုပ်ခန်းထဲကနေ စောင့်ကြီးအောင့်ကြီးအလုပ် လုပ်နေတဲ့ရိပေါ်ကို ကြည့်ရင်း ရှောင်းကျန့်တိတ်တဆိတ်ပြုံးမိသည်။
အစကတည်းက သူနဲ့မကိုက်ညီဘူးဟူ၍ ငြင်းဆန်ပေမဲ့ ‌တဇွတ်ထိုးရှောင်းကျန့်ကို ဘယ်သူမှမတားနိုင်ခဲ့။
နောက်ဆုံး ဝမ်ရိပေါ်ဆိုရင်တောင်ပေါ့..။

" ဝမ်ရိပေါ် မောင့်ကို hot green tea မှာပေးပါလား "

" ဝမ်ရိပေါ် မောင် မနက်စာမစားရသေးလို့  စားစရာတစ်ခုခုလောက်ပါ ထည့်မှာပေးပါ  "

" ဝမ်ရိပေါ် မောင့်ကို ဒီစာရွက်တွေ copyကူးပေးပါလား"

"ဝမ်ရိပေါ် မောင့်ကို ............"

"ဝမ်ရိပေါ် မောင့်ကို............."

"ဝမ်ရိပေါ် မောင့်ကို............."

"ဝမ်ရိပေါ် မောင့်ကို............."

.
.
.
.
.







" ဝမ်ရိပေါ် ....  "

"  ဘာလဲ ဘာလဲ ခင်များရဲ့မောင်ဆိုကြီး အရင်ပြင်ပြီးမှာပြော !!"

"နက်ခ်တိုင် ကြပ်နေလို့ လာပြင်ပေးနိုင်မလား "

မျက်နှာလေးငယ်ထားပြန်တော့လဲ ရိပေါ် စိတ်ကိုလျော့ထားလိုက်ရသည်။
အနားသွားမိတော့ ကျားခံတွင်းလည်စင်းပေးမိတဲ့သမင်ငယ်လေးဖြစ်မှန်းမသိဖြစ်လိုက်ရသည်။

Still THE One /ZSWW/ [ COMPLETED ] Dove le storie prendono vita. Scoprilo ora