Special Extra For Water Festival

4.2K 322 42
                                    

"သင်္ခယာ ချော်လဲမယ် "

မနက်အစောကြီး လေဆိပ်ဆင်းရချိန် သူများကလေးတွေလို အိပ်ချင်မူးတူးနှင့်ဂျီကျဖို့ဝေးလို့ လုံးတုတ်တုတ်ဖင်လေးကိုခါကာ စကားလက်ဧ။်လက်ကိုဆွဲ၍ ပြေးနေခြင်းကြောင့် ရှိန်းလှမ်းအော်လိုက်ရဧ။်။ သို့သော် ရပ်မသွားခဲ့...။ ထို့ကြောင့်ပြေးလိုက်ပြီး နှစ်ယောက်လုံးကိုဖမ်းဆွဲ၍ တစ်ဖက်စီချီကာ မိမိတို့လူစုရှိရာပြန်လာသည့်တစ်လျှောက် သင်္ခယာက ​ကော့လန်ထိုးနေတော့သည်။

"ဒယ်ဒီ နွှတ်...မချီရဲ့"

ငါးနှစ်ထဲရောက်လာခဲ့သည့် သင်္ခယာက ဖခင်နှစ်ယောက်လုံးဧ။် ဘာသာစကားနှစ်မျိုးလုံးကို ​ကောင်းစွာနားလည်နေသည်။ သို့သော် အိမ်တွင် အဖွားဖြစ်သူ၊ Pooks နှင့်အတူ အနေများခြင်းကြောင့် မြန်မာဘာသာစကားအပြောများသည့်အပြင် နိုရာ့သမီးနှင့်လဲ မြန်မာလိုသာ​ပြောတာများပြီး English စကားကိုတော့ နားလည်သော်လည်းသိပ်မပြော၊ မိမိသည်ပင် အိမ်ထောင်သက် ၇နှစ်ကျော် ၈နှစ်အတွင်းမှာ မြန်မာစကားကို ​ကောင်းစွာမပြောတတ်သော်လည်း နားလည်နေပြီဖြစ်ဧ။်။

"မချီရဲ့ရို့..."

"မချီလို့ရမလား ​ချော်လဲမယ်လေသားရယ်၊ သား ချော်လဲရင်ညီမလေးလဲချော်လဲပြီး နာနာတွေရကုန်မှာပေါ့ "

"ဟုတ်ရား ဂျကားလက် နာနာရမှာရား"

"ဟုတ်ရယ် ဟုတ်ရယ်"

မိမိစကားကြောင့် သင်္ခယာက စကားလက်ထံကြည့်၍ မပီကလာ၊ပီကလာ ​မေးလိုက်ခြင်းကို စကားလက်ကလဲ ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ဖြေခြင်းအပေါ် ရှိန်းသဘောကျလွန်းစွာ အော်ရယ်မိသည်အထိ။ စကားလက်က သင်္ခယာနှင့် အသက်သိပ်မကွာလှ​သော်လည်း ကိုယ်လုံးကတော့နှစ်ဆကွာသည်မို့ သူ့ကိုချီထားရသည့် လက်တစ်ဖက်က အံသေချင်သလိုတောင်ဖြစ်လာရသည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

တွတ်တီးတွတ်တာ အသံ၊ ရှိန်းဧ။်ရယ်သံကြောင့် ထိုနေရာသို့ ​ကောင်းဆက်အကြည့်ရောက်သွားရဧ။်။ ကလေးနှစ်ယောက်ကို တစ်ဖက်စီချီ၍ စကားပြောနေသည့်ရှိန်း၊ အိမ်ထောင်သက်၇နှစ်ကျော် ၈နှစ်အတွင်း တစ်ကြိမ်မှမိမိအပေါ် မအော်မငေါက်ဖူးသလို အထိမ်းအမှတ်နေ့များတွင်လဲ မမေ့မလျော့စွာ သူဧ။်အချစ်များကို ထုတ်ဖော်ပြသရာမှာလဲ ဟိုးအရင်နှစ်တွေကအတိုင်း မပြောင်းမလဲ။ ပိုမိုရင့်ကျက်လာသည့် အသွင်ဆောင်လာသည့်တိုင်း ရှိန်းကမိမိမျက်လုံးထဲ​တော့ စတွေ့စဉ်ကလိုပင် ရှိနေဆဲ။

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now