29အဆက္

292 66 3
                                    

Chapter(29)အဆက်

ရှစ်နာရီထိုးလုနီးပါးအချိန်ဖြစ်ပေမဲ့ အလင်းရောင်အောက်မှာအလုပ်လုပ်နေသေးသည့် ဝန်ထမ်းတွေအများကြီးရှိနေသေးတာဖြစ်ပြီး လင်းယုတုန်က ဒီအကြောင်းကိုတွေးမိတော့ အစားအစာတစ်ချို့ကိုပိုဝယ်သွားပြီး အဲဒါတွေနှင့် ကျန်းရီဖေးပတ်ဝန်းကျင်က လက်အောက်ဝန်ထမ်းတွေကို လာဘ်ထိုးဖို့အသုံးပြုနိုင်သည်။

ကျန်းရီဖေးက အစည်းအဝေးပြီးနောက် အစားအစာတွေကို အော်ဒါမှာခဲ့ပေမဲ့ အရမ်းနောက်ကျနေပြီဖြစ်တာကြောင့် ဘယ်အချိန်မှပို့ပေးမလဲဆိုတာ မသိပါဘူး။ချန်းရှီနှင့်ရှူချောင်းချောင်းကလည်း အလုပ်ပြီးမှ သွားစားဖို့ထွက်လာချိန်မှာ လင်းယုတုန်ကို အိတ်ကြီးအိတ်ငယ်နှင့်ဝင်လာတာကို တွေ့လိုက်ရသည်။ဘယ်လိုလုပ် မသေးတဲ့အစားအစာအိတ်ကို သတိမပြုမိဘဲနေလိမ့်ကြမလဲ?လူတစ်စုက ဝိုင်းဖွဲ့၍ကျေးဇူးတင်စကားအမျိုးမျိုးပြောကြသည်။ကျန်းရီဖေးက လင်းယုတုန်နာမည်ကြားလိုက်တာကြောင့် နားစိုက်ထောင်လိုက်တော့ နောက်ဆုံးမှာ အရည်အချင်းရှိတဲ့တစ်ယောက် အော်တာကို ကြားလိုက်ရတယ်"ဆုလာဒ်အတွက် ကျေးဇူးတင်ပါတယ် မဒမ်"

လင်းယုတုန် "......."

ဒီနာမည်ပြောင်ကြောင့် တစ်နေရာက ပြန်နာလာသလိုဘဲ။

ကျန်းရီဖေးက ချန်းရှီနှင့်လူတစ်စုကို မောင်းထုတ်လိုက်ပြီး လင်းယုတုန်နှင့်သူသာ ရုံးခန်းထဲမှာကျန်နေရစ်သည်။သူတို့က အသားနှင့်ဟင်းသီးဟင်းရွက်စွပ်ပြုတ်ကို စားသောက်ရင်း မေးလိုက်တယ် "မင်း သူတို့ကိုပြောပြီးသွားပြီလား?"

လင်းယုတုန်က ကျန်းရီဖေး၏စားပွဲကိုကြည့်ပြီး ပြောလိုက်တယ် "ကျွန်တော် သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပိုင်ရန်ကုမ္ပဏီက ယုံကြည်လို့မရဘူးလို့ပြောတယ်လို့ပြောခဲ့တယ်။ကျွန်တော့်ပါးက ကျွန်တော်ပြောတာ နားထောင်ပြီးတော့ သူက ကျွန်တော့်ကို အဲဒီသူငယ်ချင်းက ခင်ဗျားသူငယ်ချင်းလား?ကျွန်တော့်သူငယ်ချင်းလားလို့မေးခဲ့တယ်။ဆိုလိုတာက ခင်ဗျားသူငယ်ချင်းသာဆိုရင် သူက သတိထားပြီး ဖြစ်နိုင်သမျှ ပိုသိအောင် လုပ်လိမ့်မယ်။တကယ်လို့ ကျွန်တော့်သူငယ်ချင်းဆိုရင်တော့ သူတို့က ဘယ်ဘက်နားဝင်ပြီး ညာဘက်နားထွက်သွားသလိုဘဲထားလိမ့်မယ်။ခင်ဗျား ပြောကြည့်..ကျွန်တော်က သူတို့ကိုစွပ်ပြုတ်ဖြည့်ရုံဘဲလား?"

ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ပြန်လည်မွေးဖွာခြင်း)  ရွှေရောင်လွှမ်းသောလက်ထပ်ခြင်းWhere stories live. Discover now