ရက်စွဲ (၂၉)

302 25 10
                                    

ရန်ကုန်မြစ်ကြီးနား တိုက်ရိုက်ကားသည် အဝေးပြေးလမ်းမထက် မှာ မမြန်လွန်းသော နှုန်းထားနှင့်ပြေးလွင့်နေသည်။ စိတ်တစ်ဝက်တို့ ရန်ကုန်မှာ ကျန်ရစ်ခဲ့ပြီး ကျန်စိတ်တစ်ဝက်တို့ နမ္မတီးဆီကြိုရောက်နေသည်။ လူအနားမှာ စိတ်တစ်စိုးစဉ်းမျှ ကပ်မနေတော့ပါ။ ဖြစ်နိုင်လျှင် ရန်ကုန်နှင့် နမ္မတီးကို တစ်ရပ်ကွက်သာ ခြားစေချင်ပါသည်။

နွေရာသီဟာ နမ္မတီးအတွက်တော့ စာဖွဲ့လောက်သည်အထိ မပူပြင်းခဲ့ပါ။

ရန်ကုန်မှာကျန်ခဲ့သည့် စိတ်တစ်ဝက်တို့ မှာ ရန်ကုန်နွေနှင့် ရောနှောပြီးအရည်ပျော်သွားရသည်။ အလွမ်းတို့အရည်ပျော်ပြီး ဆင်းစီးသည့်အခါ လက်ခံရရှိသူမှာအချစ်တို့အဖြစ်ပြောင်းသွားလျှင် လွမ်းရကျိုးနပ်လေရဲ့။

တစ်ညလုံးကားပေါ်ခွေခေါက်အိပ်လိုက်လာခဲ့ပြီး အိပ်မက်ယောင်ယောင် လွမ်းစိတ်ယောင်ယောင်နှင့် စိတ်တို့ဟာ အစ်ကိုနှင့် ဆုံခဲ့ဖူးသည့် နေ့ရက်တစ်ချို့ဆီခေါ်ဆောင်သွားလေရဲ့။မနေ့က အစ်ကို အိမ်ကိုလာအိပ်ပေးပါသည်။ပြန်ရမည်ဆိုသည့် သူ့အတွက်နှစ်သိမ့်ဆေး လာပေးသွားသည် ထင်ပါရဲ့။ပြီးတော့ မနေ့ညက အစ်ကို့ကို တင်းကြပ်စွာဖက်ထားခဲ့မိသည်။ လုံးဝ မလွှတ်ခဲ့ပါ။အစ်ကိုကတော့ ထုံးစံအတိုင်းနှစ်ခြိုက်စွာ အိပ်မောကျနေခဲ့ပါသည်။ တကယ်တော့ စူးကျယ်အောက်ဘက် မှ ဖက်ချင်သည်မဟုတ်ပါ။ စူးကျယ်အောင်သည် အဖက်ခံချင်သူဖြစ်သည်။ သို့သော် အဖက်မခံရလေတော့ သူ့ဘက်ကပင် ဖက်ခဲ့ရသည်ချည်းသာ။ ပြီးတော့ မနေ့ညက တစ်ညလုံးအိပ်၍ပင်မပျော်ခဲ့ပါ။ အမှန်တိုင်းထပ်မံ ဝန်ခံရလျှင် မျက်ရည်ပင်ကျမိပါသေးသည်။ စိတ်အားငယ်တတ်သူအဖို့ နှစ်သိမ့်အနမ်းဟာ မလုံလောက်ခဲ့ပါ။ အစ်ကိုပေးသော ပထမဆုကိုသာ ရချင်ပါသည်။ မည်မျှထိကြိုးစားရမည်နည်း။ မည်မျှထိ ပေးဆပ်ရမည်နည်း။ အရာရာ အလိုတော်အတိုင်းဖြစ်ရန် အဆင်သင့်ရှိနေသော သူ့ကိုယ်သူပင်မယုံနိုင်ပါ။

"အစ်ကို"
"ဟင်"
"အစ်ကို ဟိုဟာ မလုပ်ဖူးဘူးလား"
"ဘယ်ဟာ"
"ဟိုဟာလေ"
"ရှင်းရှင်းပြောစမ်းပါ စူးကျယ်အောင်ရယ်"
"အော် အစ်ကိုရည်းစားထားဖူးတယ်ဆိုတော့လေ၊ လိင်မဆက်ဆံဖူးဘူးလားလို့"

ကြည်ပြာရောင်နေ့စွဲများWhere stories live. Discover now