Thingyan Special Extra

6.8K 763 57
                                    

💦 Unicode 💦

အချပ်ပို (၃)

ညနေရုံးဆင်းချိန်မို့ ခဲပြာရောင်ကောင်းကင်အောက်တွင် ကားတန်းရှည်ကြီးတွေ ပိတ်ပိတ်သားထပ်နေသည်။ ပွိုင့်မိနေသော်ငြား မီးနီ၊ မီးစိမ်းကိုမမြင်ရ။ တိုးထွက်စရာလမ်းကြောကိုလည်း မတွေ့ရ။ ကားစက်သံ၊ ဟွန်းသံ၊ လူသံတို့ကြောင့် ညီမိုးလွင်စိတ်တွင် ငြီးစီစီဖြစ်လာသည်။ စတီယာရင်ပေါ်တင်ထားသောလက်ကနာရီကို စောင်းကြည့်တော့ ဆေးရုံရောက်သင့်သည့်အချိန်လည်း ဖြစ်နေပြီ။ ခွဲစိတ်ရမည့်လူနာကို စစ်ဆေးဖို့လည်းသင့်နေပြီ။ သို့ပေမဲ့လည်း ကားတန်းရှည်ကြီးကိုကြည့်ရင်း ညီမိုးလွင်တစ်ယောက် သက်ပြင်းပူပူသာ ချမိတော့၏။

"မူယာ ခွဲခန်းအဆင်သင့်ဖြစ်ပြီလား၊ ဘုန်းလျှံတို့ရော"

လူနာခွဲရမည့် ပုဂ္ဂလိကဆေးရုံရောက်သည်နှင့် သူ စသိချင်သည်က ဘုန်းလျှံမောင်ဘယ်မှာဆိုသည့်အကြောင်း။ ကားပေါ်မှာကတည်းက ဖုန်းဆက်နေတာကိုမကိုင်တော့ နည်းနည်းလည်း ဆူပူချင်မိသည်။

"ဆရာကောင်းက ခွဲဖို့ပြင်နေပါပြီ။ ဆရာဘုန်းလျှံကတော့ အသိလူနာရောက်နေတယ်ဆိုလို့ သွားကြည့်တယ်ဆရာ"

"အသိလူနာ ... ဘယ်သူ ဘာဖြစ်လို့တဲ့လဲ"

"Gym Trainer ပဲဆရာ၊ အရိုးအက်သွားလို့တဲ့"

မူယာပြောလိုက်သော Gym Trainer ဆိုသည့်အသံကြောင့် ညီမိုးလွင်မျက်ဝန်းတို့ မှေးကျဉ်းသွားသည်။ လှမ်းလက်စခြေလှမ်းကလည်း တုံ့ခနဲရပ်တန့်သည်။ ထိုအချိန် ဆရာ့အိတ်လိုက်ဆွဲပေးရင်း ခြေလှမ်းကျဲတွေနှင့် အမြန်လျှောက်နေသော မူယာပါ ရပ်လိုက်ရတာ တုံ့ခနဲ။

"အဲလူနာ ဘယ်မြို့နယ်ကလဲ"

"အင်းစိန်ကတဲ့ ဆရာ"

သေချာနေပါပြီ။ အင်းစိန်က Gym Trainer ၊ ရန်ကင်းက ဘောလုံးသမား၊ ကျောက်မြောင်းတခွင်က စားသောက်ဆိုင်ပိုင်ရှင် ... ကာရံအလိုက်တောင် အလွတ်ရနေတဲ့ တေးတေးရည်းစားဟောင်းစာရင်းကို သူ သိပ်မှတ်မိတာပေါ့။ ဒါမို့ ကောင်းခန့်ပိုင် ပြင်နေပြီဖြစ်တဲ့ ခွဲခန်းအသာထား၊ ခွဲလူနာ ခဏနား၊ သူအပီနားမကားဖို့ရာ ရည်းစားဆီသာ လိုက်လာခဲ့၏။

သင်္ကြန်မောင်Where stories live. Discover now