Sheet Mask

291 26 2
                                    

ပိမင်ဒီနေ့ Sheet Mask အသုံးပြုပုံလေးအကြောင်း ပြောပြပေးပါ့မယ်

ပိမင်ကို Sheet Mask သုံးနည်း လာလာမေးကြလို့ တစ်ယောက်ချင်းစီ မရှင်းပြနိုင်တော့လို့…

ဒီမှာပဲ တစ်ခါတည်း ရှင်းပြလိုက်ပါတယ်…သေချာလိုက်ဖတ်ပါ…
သေချာမဖတ်ပဲ ထပ်လာမေးသူ fin နူ….

၁ - Double Cleansing လုပ်ပါ (Cleansing Water အရင်သုံးပြီးမှ မျက်နှာသစ်တာကို ပြောတာပါ)

၂ - တိုနာကို ဂွမ်းဖတ်နဲ့ ပွတ်ပါ…တိုနာခြောက်သွေ့သွားအောင် ခဏစောင့်ပါ…

၃ - Sheet Mask အထုပ်ကို ဖွင့်ပြီး…လူက အိပ်လျက်နေပါ…ပြီးရင်မျက်နှာပေါ်ကပ်ပါ…

၄ - Sheet Mask အသားအကုန်လုံးကို မျက်နှာနဲ့ထိအောင် လိုက်ဖိပေးပါ…လေခိုတဲ့နေရာ အနည်းဆုံးဖြစ်ပါစေ…အဲ့လိုလုပ်ဖို့အတွက် အနားမှာ ကြည့်မှန်တစ်ချက်ဆောင်ထားဖို့လိုပါတယ်…
(ပိမင်ကတော့ ကြည့်မှန်မသုံးပါဘူး….ကောင်မလေး မျက်နှာပဲကြည့်ပါတယ်… ပိမင်ကျေးဇူးနဲ့ သူ့ Skin က မှန်လေးတစ်ခုလို ကြည်လင်နေလို့ပါ…ဟိဟိ)

၅ - မျက်လုံးပေါက်ကို မျက်လုံးမှာထားပါ…ပါးစပ်အတွက်အပေါက်ကို ပါးစပ်မှာထားပါ…အပေါက်၂ပေါက်က အပေါ်ဘက်ပါ…အပေါက်တစ်ပေါက်က အောက်ဖက်ပါ (ဒီလောက်ထိ လိုက်မပြောချင်ပါဘူး…ဒါပေမယ့်လည်း ပြောမှ နားလည်မယ့်သူတွေရှိလို့ ပြောရတာပါ)

၆ - မိနစ်၂၀ထားပြီး ခွာလိုက်ပါ…မိနစ်၂၀အတွင်း ဘာလုပ်နေရမလဲဆိုတော့…
ပိမင်ကတော့ တရားနာပါတယ်…ကောင်မလေးရင်ခွင်ထဲကနေပါ…ဟုန်

၇ - မျက်နှာပြန်သစ်စရာမလိုပါဘူး…အရည်တွေမျက်နှာထဲဝင်အောင် လက်ချောင်းလေးတွေနဲ့ လိုက်ဖိပေးပါ… ပိမင်ကိုတော့ ကောင်မလေးက သူ့လက်ချောင်းတွေနဲ့ ဖိပေးပါတယ်…

၈ - တချို့ကျ Skin Care တွေထပ်လိမ်းကျပေမယ့်… ပိမင်အနေနဲ့ကတော့ Sheet Mask သုံးတဲ့ညလေးမှာ ကျန်တဲ့ Skin Care တွေမသုံးစေချင်ပါဘူး…Mask က အရေလေးတွေနဲ့ပဲ လိမ်းပြီး အိပ်လိုက်တာပိုကောင်းပါတယ်…နောက်လိမ်းမယ့် Skin Care တွေနဲ့ Mask အရည်တွေနဲ့ ဓာတ်ပြုပြီး အာနိသင်ကျမှာစိုးလို့ပါ…

၉ - အထုပ်ထဲက ပိုနေတဲ့ အရည်တွေကို လက်တွေ…လည်ပင်းတွေ လိမ်းလိုက်ပါ… ပိမင်ကတော့ ကောင်မလေး လက်တွေကို လိမ်းပေးလိုက်ပါတယ်…

ဒါကတော့ လူအမေးများတဲ့ နောက်မေးခွန်းတစ်ခုပါပဲ….

Mask တွေကို ညလုံးပေါက်ကပ်လို့ရလား…သူကပ်သင့်တဲ့ အချိန်ထက် ပိုကပ်သင့်သလားဆိုတာပေါ့လေ…

Mask ပေါင်းစုံရှိပေမယ့်…ဒီနေ့ပိမင် ကပ်သင့်မကပ်သင့်ပြောပေမယ့် Mask အမျိုးအစားက Sheet Mask ပဲဖြစ်ပါတယ်…

တချို့…တချို့သော Mask တွေကတော့ ညလုံးပေါက် ကပ်လို့ရပေမယ့်…အဲ့ထဲမှာတော့…. Sheet Mask မပါပါဘူး…

Sheet Mask ကို ညလုံးပေါက်…ဒါမှမဟုတ်…သတ်မှတ်ကြာချိန် ၂၀မိနစ်ထက် ပိုကပ်မိရင် ဘာတွေဖြစ်တတ်လဲဆိုတာ ကြည့်ရအောင်….

၁ - Sheet Mask တွေကို ကြာကြာကပ်လေ… နီတာ…ယားတာ…ပူတာတွေပိုဖြစ်လေဖြစ်ပါမယ်…ဓာတ်မတည့်မှုတွေ၊ အပူလောင်တာတွေလည်း ရှိလာနိုင်ပါမယ်…

၂ - စစကပ်ချင်းမှာတော့… Sheet Mask က မျက်နှာကို အစိုဓာတ်ဖြည့်ပေးတယ်ဆိုပေမယ့်… Sheet Mask အသားထဲက အစိုဓာတ်တွေ မျက်နှာက အကုန်ယူသွားလို့ Sheet Mask အသားထဲမှာ အစိုဓာတ် မရှိတော့တဲ့အခါကျ အရေပြားထဲကအစိုဓာတ်ကို ပြန်စုပ်ယူတာကြောင့် အသားရေ အစိုဓာတ်ပြည့်ဝရမယ့်အစား…ခြောက်သွေ့လာနိုင်ပါမယ်…

၃ - နောက်အန္တရယ်တစ်ခုကတော့ Sheet Mask ကပ်လျက်ကြီးနဲ့ အိပ်ပျော်သွားရာကနေ မတော်လို့ Sheet Mask အဖတ်လေးတွေက နှာခေါင်းပေါက်…ပါးစပ်ပေါက်တွေ ပိတ်ပြီး…အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်…အထူးသဖြင့် ပါးစပ်ဖွင့်အိပ်တတ်သူတွေပေါ့…

ဒီလောက်ဆိုရင် Sheet Mask ကို ညလုံးပေါက် ကပ်မအိပ်သင့်ဘူးဆိုတာ သိလောက်ပြီ ထင်ပါတယ်…

ပိမင်ကတော့ Sheet Mask ကပ်လျက် အိပ်ပျော်သွားလည်း စိုးရိမ်စရာမရှိပါဘူး…

ဖယ်ပေးမယ့် ကောင်မလေးရှိနေလို့ပါ…ဟိဟိ

ဟုန်…ပိပါပိ…ကျေးဇု…

~PhyoWaiYan~

~ChantaraCosmeticShop~

~ကူးချသူfinနူ~

🎉 You've finished reading Sheet Mask အကြောင်း တစ်စေ့တစ်စောင်း 🎉
Sheet Mask အကြောင်း တစ်စေ့တစ်စောင်းWhere stories live. Discover now