701 - 705

143 13 0
                                    

Godly Sword System
Chapter 701 ရယ်ချင်နေတဲ့ ယန်ချီ
Translated by Thura

ယန်ချီက သတ်ဖြတ်စိတ်ဝိဉာဉ်အင်ပါယာကို ကြည့်ပြီး မေးလိုက်တယ်။

“ဒါဆိုရင် စီနီယာတို့ ကောင်းကင်ဓါးဂိုဏ်းက နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်နဲ့ တိုက်ခိုက်ဖို့ ကျွန်တော့်ကို တောင်းဆိုနေတာလား”

“ဟုတ်တယ်လေ”

သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ခေါင်းညိတ်လိုက်တယ်။

“ရပါတယ်”

ယန်ချီလည်း စဉ်းစားမနေတော့ပဲ သဘောတူလိုက်တယ်။

သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက သူ့အပေါ်ကို ကြင်နာတာကြောင့် ဒီလို ကိစ္စကို သဘောမတူစရာ အကြောင်းမရှိစရာ မရှိပါဘူး။

ဒီစကားကို ကြားတော့ ခန်းမထဲမှာ ရှိတဲ့ ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲတွေအားလုံး  မှင်သက်သွားကြတယ်။ ယန်ချီတစ်ယောက် မြန်မြန်ဆန်ဆန် သဘောတူလိမ့်မယ်လို့ မထင်မိပါဘူး။

သူတို့အားလုံးက ယန်ချီကို အလယ်ပိုင်း ဒေသပါရမီရှင် နှီးနှောဖလှယ်ပွဲ ရဲ့ ပထမဆုရှင်ဆိုတာ သိပေမယ့်လည်း အလယ်ပိုင်းဒေသ ပါရမီရှင် နှီးနှောဖလှယ်ပွဲ ကျင်းပရခြင်း အကြောင်းကို သိကြပါတယ်။

သူတို့အနေနဲ့ ယန်ချီက နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်ကို သေချာပေါက် အနိုင်ယူနိုင်မလားဆိုတာကို မပြောနိုင်သေးပါဘူး။

ဒါပေမယ့် ဒီအချိန်မှာတော့ နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်ကို ယန်ချီ ရင်ဆိုင်ရုံမှတပါး အခြား ဘာများ လုပ်နိုင်ဦးမှာလဲ။

“စီနီယာ ကျွန်တော် ဓါးဆွဲထုတ်ချင်တယ်”

ရုတ်တရက် ယန်ချီက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန့်ကို ပြောလိုက်တယ်။

ဒီစကားကို ကြားတော့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန့်ရဲ့ အိုမင်းနေတဲ့ မျက်နှာထက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

“ကောင်းပြီလေ ငါ မင်းကို အဲ့ဒီနေရာကို ခေါ်သွားမယ်”

ပြောပြီးနောက် သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန့်က ယန်ချီကို ခေါ်ပြီး ခန်းမအပြင်ကို ထွက်သွားခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now