𝗌𝗍𝖺𝗋𝗌 𝖼𝗈𝗅𝗅𝖾𝖼𝗍𝗈𝗋

542 55 1
                                    

_ soundtrack no.1

넌 마치 운명처럼 , 함께 있음이 자연스러워...
မင်းက တိုက်ဆိုင်စွာ ကံကြမ္မာတစ်ခုလို
ငါတို့အတူရှိနေရတာက သဘာဝကျနေလွန်းတယ်

준 적도 없는 내 마음의 조각을 , 넌 이미 가지고 있어...
မပေးခဲ့ဖူးတဲ့ ငါ့နှလုံးသားရဲ့ အပိုင်းအစလေးကိုလည်း မင်း အရင်ကတည်းက ပိုင်ဆိုင်နေပြန်တယ်

Savior by Lee Hi ( ft. B.I )

-

*knock knock*

"ဂျိတ်ခ်ဟျောင်းနိုးနေပြီလား? ကျွန်တော် ဝင်လာလို့ရလား?"

"အွန်း ~ "

မနက်တိုင်း ဂျောင်ဝန်းလုပ်နေကျအရာတွေထဲကတစ်ခု။

ဂျိတ်ခ်ဟျောင်းကိုပါ အနှောက်အယှက်ပေးမိသလိုဖြစ်ပေမယ့် အနှစ်နှစ်အလလလုပ်လာတဲ့ လုပ်ရိုးထုံးစံမို့ ဂျောင်ဝန်းပြင်ဖို့လည်း မတွေးမိသလို တစ်စုံတစ်ယောက်ကလည်း မပြောင်းလဲဘဲ ထိုအတိုင်းလေးပဲရှိနေသေးတာကြောင့် သူ့အတွက်ကတော့ အတိုင်းထက်အလွန် ကြည်နူးရသည်ပင်။

" ဂျောင်ဝန်းနီ~ ဟျောင်းရေသွားချိုးလိုက်ဦးမယ်..."

ဂျိတ်ခ်က စကားပြောတာကိုခဏရပ်ပြီး ပုဝါအသေးလေးတစ်ထည်ကိုပခုံးပေါ်တင်ရင်း အိပ်နေသေးတဲ့ ဂျေး ရဲ့ကုတင်ဘေး တင်ပါးလွှဲပြီးဝင်ထိုင်လိုက်တဲ့ ဂျောင်ဝန်းကို ခပ်ရေးရေးလေးပြုံးရင်းလှမ်းကြည့်သည်။

"ကျုံးစိန်းကတော့ မနက်တိုင်း ဂျောင်ဝန်းနီမှ မနှိုးရင် မထတတ်တော့ဘူးလားမသိဘူး"

ဂျိတ်ခ်ထိုသို့ပြောတော့ ဂျောက်ဝန်းက ပြောင်စပ်စပ်ရုပ်ကလေးလုပ်ပြီး "ဟုတ်သားပဲနော်" ဆိုပြီး တိုးတိုးလေးပြောသည်။

ဂျိတ်ခ်က နှုတ်ခမ်းထောင့်စွန်းလေးတွေကို ကွေးညွှတ်လျက် အခန်းထဲမှထွက်သွားသည်။

ဂျိတ်ခ်ထွက်သွားတာနဲ့ ဂျောင်ဝန်းလက်တွေက တစ်ကိုယ်လုံးစောင်နဲ့ပတ်ထားပြီး မျက်နှာလေးပဲဖော်ထားရဲ့ ဂျေးရဲ့ ဆံပင်လေးတွေကို ခပ်ဖွဖွသပ်တင်ပေးလိုက်သည်။

ခေါင်းပေါ်ဖြည်းဖြည်းချင်းပွတ်သပ်ပေးနေတဲ့ သူ့လက်တွေကြောင့် ဂျေးရဲ့ ခေါင်းလုံးလုံးလေးက သူ့လက်ဖဝါးထဲကို ပိုလို့တိုးတိုးဝင်လာသည်။

About YouWhere stories live. Discover now