Love Is (Yuwin)

284 20 0
                                    

''Win Win...''

''Win Win...''

''Win Win...''

ဆူညံနေတဲ့ အားကစားခန်းမရုံတစ်ခု....

WinWin တို့ ကျောင်းနဲ့ တခြားအထက်တန်းကျောင်း တစ်ခုရဲ့ ဘောလီဘော အားကစားပြိုင်ပွဲ ။

WinWin တို့ကျောင်းက အားကစားခန်းမတွင် ဖြစ်တာကြောင့် ခန်းမရဲ့ ဘယ်ဘက်အခြမ်းပွဲကြည့်စင်မှာ Winတို့ကျောင်းရဲ့ အားပေးနေတဲ့ ကျောင်းသူကျောင်းသားတွေ...

Banner တွေကိုင်ကာ အားပေးနေတဲ့ အတန်းသူ/အတန်းသားတွေထဲမှ အသံသြသြဖြင့် မိန်းကလေးတွေနဲ့အပြိုင်အော်ဟစ်ဆူညံ့နေတဲ့ WinWin ရဲ့ ပိုင်ရာဆိုင်ရာNakamoto Yuta.

တလောကလုံးကို လူမထင်ပေမယ့် WinWin ကိုတော့ သူ့ရဲ့ကိုးကွယ်ရာလို သတ်မှတ်ထားတဲ့ Yuta.

အလယ်တန်းကျောင်းသားဘဝကတည်းကနေ အခုအထက်တန်းရောက်တဲ့အထိ WinWin ကို သူ့မျက်စိအောက်အပျောက်မခံပဲ တယုတယ ပိုးမျှင်လေးကို စောင့်ရှောက်ထားသလို မထိရက်မကိုင်ရက်လေး သူ့မှာမြတ်နိုးခဲ့ရသည်။

အခုလဲ WinWinရဲ့ ဝါသနာပါရာအားကစား တွေထဲက တစ်ခုဖြစ်တဲ့ ဘောလီဘော ပုတ်ခတ်ခြင်း ပြိုင်ပွဲကို သူကိုယ်တိုင် အသံနဲ့မာန်နဲ့ လာရောက်အားပေးနေရခြင်းသာ...။

တကယ်ဆို ဒီလိုနူးညံတဲ့ကောင်လေးကို Yuta ဘာမှ မလုပ်ခိုင်းပဲ စာကိုသာအေးအေးဆေးဆေးငြိမ်ငြိမ်လေးသင်စေချင်ခဲ့သည်။ ဒါပေမယ့် WinWin က သူ့ရဲ့ဝါသနာတွေက စိတ်ပျော်ရာတွေပါဟု Yuta ကိုတောင်းဆိုပြီး သူအနာတရမဖြစ်စေရပါဟု အာမခံထားတာကြောင့် Yutaက သူ့ရဲ့ပျော်ရွှင်ရာလေးတွေကို မတားပဲ ပျော်နေစေချင်ခဲ့တာ...

ပထမပိုင်း ပြီးသွားပြီဖြစ်တာကြောင့် အားကစားသမားတွေက  ကွင်းရဲ့စည်းအပြင်မှာ ဟိုတစု ဒီတစ်စုဖြင့် ထိုင်နေကြပြီး  အားလျှော့စွာ ပက်လက်လန်ချလိုက်တဲ့ သူ့ရဲ့ ကောင်လေး WinWin...

ဆယ့်ငါးမိနစ် အနားယူချိန်ဖြစ်တာကြောင့် နည်းပြကိုခွင့်တောင်းပြီး WinWin လှဲနေတဲ့နေရာအနား Yuta သွားလိုက်သည်။

''WinNee ... ရေသောက်လိုက်အုံး ''

လက်ထဲကရေဗူးလေးကို အဖုံးဖွင့်ကာ ဘေးမှာချထားလိုက်ပြီး ပုခုံးပေါ်အသင့်ပါလာတဲ့ ပဝါဖြူနုနုလေးနဲ့ WinWin ရဲ့မျက်နှာပေါ်က ချွေးစက်လေးတွေကိုတယုတယ သုတ်ပေးလိုက်သည်။

 NCT One Shot Collection (Zawgyi +Unicode) Where stories live. Discover now