706 - 710

125 12 0
                                    


Godly Sword System
Chapter 706 လူတိုင်းရဲ့ ထိတ်လန့်မှု
Translated by Thura

တိုက်ခိုက်ရေးကွင်းအောက်မှာ ရှိနေတဲ့ လူတိုင်းကတော့ ယန်ချီတစ်ယောက် ဆက်နွယ်မှု လက်နက်တွေနဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်ခေါ်ဖို့ ရည်ရွယ်ချက် မရှိဘူးဆိုတာ မြင်ခဲ့ကြတယ်။

ယန်ချီက သူ့ရဲ့ ဆက်နွယ်မှု လက်နက်တွေနဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို မဆင့်ခေါ်ဘူးဆိုရင် ဟွမ်ဟွိုင်ကို အနိုင်မယူနိုင်ဘူးလို့ တွေးနေခဲ့တယ်။

ဟွမ်ဟွိုင်ကို အနိုင်ယူဖို့ဆိုတာ ကောင်းကင်ဓါးဂိုဏ်း တပည့်တွေရဲ့ အိမ်မက်ပါ။

ဒါပေမယ့် ဟွမ်ဟွိုင်က အဆင့် ၆၅ စိတ်ဝိဉာဉ်အရှင်သခင် အဆင့်တစ်ယောက်လေ။

ချက်ချင်းဆိုသလိုပဲ ဟွမ်ဟွိုင်တစ်ယောက် ယန်ချီအရှေ့ကို ရောက်လာခဲ့တယ်။

ယန်ချီအရှေ့ကို ရောက်တော့ နဂါးဘုရားကျောင်းရဲ့ ပါရမီရှင် ဟွမ်ဟွိုင်က လက်ထဲမှာ ကိုင်ထားတဲ့ ကောင်းကင်အဆင့် အဆင့်နိမ့် ကောင်းကင်ရှာဖွေခြင်းဓါးကို မြှောက်လိုက်ပြီး ယန်ချီရဲ့ ဦးခေါင်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တယ်။

တိုက်ခိုက်မှုက လျှပ်စီးလက်တဲ့အလား လျင်မြန်နေခဲ့တယ်။

“ယန်ချီက ဒီတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မှာလား”

တိုက်ခိုက်ရေးကွင်းအောက်မှာ ရှိနေတဲ့ တပည့်တွေက သူတို့တွေသာ ယန်ချီနေရာမှာဆိုရင် မရှောင်တိမ်းနိုင်ဘူးလို့ တွေးနေခဲ့တယ်။

ဒါပေမယ့်လည်း သူတို့အားလုံးက တိုက်ခိုက်ရေးကွင်းထဲမှာ ပုံရိပ်ယောင်များစွာကို မမျှော်လင့်ပဲ မြင်လိုက်ရတယ်။

ကောင်းကင်ဓါးဂိုဏ်းရဲ့ တပည့်အားလုံးက ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိနှိပ်မှုကို ခံစားခဲ့ရတယ်။

ဒီလို ဖိနှိပ်မှုမျိုးက သူတို့တွေကို အသက်ရှင် လွှတ်မြောက်ခွင့် လုံးဝ ကို မပေးစွမ်းနိုင်တဲ့ ဖိနှိပ်မှုမျိုးပါ။

နဂါးဘုရားကျောင်းရဲ့ ပါရမီရှင် ဟွမ်ဟွိုင်ကိုင်ထားတဲ့ ကောင်းကင်ရှာဖွေခြင်းဓါးက အောက်ကို ကျဆင်းလာခဲ့တယ်။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now