711 - 715

132 12 0
                                    


Godly Sword System
Chapter 711 မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်မဟုတ်လား
Translated by Thura

“ငါတို့ ဘယ်သူတွေဆိုတာ မစိုးရိမ်ပါနဲ့။ ငါတို့တွေက ဒီကို လာတာ မင်းတို့ ပိုင်ဟီမြို့ကို အကူအညီပေးဖို့ဆိုတာပ ဲ သိထားပါ”

ယန်ချီက ပိုင်ဟီမြို့သခင် ရှုထူကို ပြောလိုက်တယ်။

ပိုင်ဟီမြို့သခင် ရှုထူ အပြင် သူ့ဘေးမှာ ရှိနေတဲ့ စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်လည်း အံ့အားသင့်သွားကြတယ်။

တကယ်တမ်းလည်း သူတို့အားလုံးက ယန်ချီတစ်ယောက် ဒီလို စကားမျိုးပြောလိမ့်မယ်လို့ မထင်ထားမိပါဘူး။ ပြီးတော့ ယန်ချီကို ကြည့်ရတာ အသက် နှစ်ဆယ်လောက်ပဲ ရှိပါသေးတယ်။

သူက ပိုင်ဟီမြို့သခင် ရှုထူ နဲ့ ရင်ဆိုင်နေရတယ်ဆိုတာ မသိဘူးလား။

“ဟား ဟား ဟား ”

ပိုင်ဟီမြို့သခင် ရှုထူ လည်း တခါမှ မကြားဖူးတဲ့ ဟာသ တစ်ခုကို ကြားလိုက်ရသလို အားပါးတရ ရယ်မောလိုက်တယ်။

“ညီငယ်လေး ကြည့်ရတာတော့ မင်းက မင်းရဲ့ စွမ်းအားကို အလွန် ယုံကြည်မှု ရှိပုံပဲ”

ပိုင်ဟီမြို့သခင် ရှုထူ က ပြုံးပြီး ပြောလိုက်တယ်။

ယန်ချီဘေးမှာ ရှိနေတဲ့ မုရွှယ်အာကလည်း ယန်ချီကို အထင်သေးစွာ ကြည့်နေခဲ့တယ်။

ယန်ချီက ဘာကြောင့် ဒီလောက်မောက်မာနေလဲဆိုတာ သူမ နားမလည်ခဲ့ပါဘူး။

“မင်းကို ကြည့်ရတာ ပိုင်ဟီမြို့က မဟုတ်ဘူးမှတ်လား”

ပိုင်ဟီမြို့သခင် ရှုထူ က ယန်ချီနဲ့ မုရွှယ်အာကို ဆက်မေးလိုက်တယ်။

“မဟုတ်ပါဘူး”

ယန်ချီက ခေါင်းခါလိုက်တယ်။

“အဲ့ဒါဆိုရင်. . . ”

ပိုင်ဟီမြို့သခင် ရှုထူ က စက္ကန့်အနည်းငယ်လောက် စဉ်းစားလိုက်တယ်။ သူက ယန်ချီနဲ့ မုရွှယ်အာတို့ နှစ်ယောက်က အလွန်ထူးခြားတဲ့ သူတွေမှန်း တွေးနေခဲ့တယ်။ သူတို့တွေက ပါရမီရှင်တွေမဟုတ်ဘူး ဆိုရင်တောင် သူတို့နှစ်ယောက်က အလွန်တရာ အစွမ်းထက်သူတွေလို့ တွေးနေခဲ့တယ်.။

နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်းစနစ်( ယန်ချီ )စနစ်စာစဥ် အတွဲ ၁ (ခွင့်ပြုချက်ရပြီး)Where stories live. Discover now