💛

385 22 4
                                    

Santorini, Greece

အောက်တိုဘာလမှာတောင် Santorini (ဆန်တိုရီနီ)
ရဲ့ရာသီဥတုက လုံလောက်တဲ့နွေးထွေးမှုရှိနေသေးတာ Koreaမှာဆို ဒီချိန်အေးနေပြီလေ ကျွန်းစုဒေသလေးရဲ့ အလှအပကသူ့လိုခရီးသွားတွေအတွက် ဖန်းစားမှုအပြည့်ဝပေးနိုင်တာ

လည်ပင်းမှာချိတ်ဆွဲထားတဲ့ ကင်မရာလေးနဲ့ ပင်လယ်ပြင်ဘက်ဆီ ဦးတည်ပြီးမှတ်တမ်းဓာတ်ပုံရိုက်လိုက်တယ် လခြမ်းပုံသဏ္ဍန်နဲ့ချောက်ကမ်းပါးပေါ်မှာတည်ရှိနေတဲ့ အပြာရောင်အမိုးနဲ့ အဖြူရောင်အိမ်တန်းတွေဟာ Santorini ရဲ့အလှအပတွေထဲကဦးစားပေးဖော်ပြစရာဖြစ်တယ်

Fira(ဖီရာ) Santorini(ဆန်တိုရီနီ) ရဲ့မြို့တော်

ပူနွေးနွေးရာသီဥတုက အနောက်နိုင်ငံတွေရဲ့ အကြိုက်နဲ့ ကွက်တိဖြစ်နေတာကြောင့် ကမ်းခြေဘက်မှာ နေပူစာလှုံသူတွေလည်းရှိနေတယ် ကျောပိုးအိတ်ထဲမှာ အသင့်ရှိနေတဲ့ ရေသန့်ဗူးကို ဖွင့်ဖောက်ပြီး မော့သောက်လိုက်တော့ ခြောက်သွေ့နေတဲ့အာခံတွင်းကို လုံလောက်တဲ့စိုစွတ်မှုကိုရရှိသွားတယ် wineကောင်းကောင်းလေးတခွက်သာဆိုပိုအဆင်ပြေမှာဖြစ်ပေမယ့် လက်တလောကအဆင်မပြေသေးဘူးလေ ဆာလောင်လာပြီဖြစ်တဲ့ ဗိုက်ကိုဖြည့်တင်းဖို့အတွက် နီးစပ်ရာ စားသောက်ဆိုင်တစ်ခုဆီကိုသာ ခြေလှမ်းတွေဦးတည်နေမိတယ်

ခပ်မြန်မြန်လျှောက်နေတဲ့ ခြေလှမ်းတွေက ရုတ်တရက် ကြားလိုက်ရတဲ့ အသံပိစိလေးကြောင့် ထယ်ယောင်းအသံပိုင်ရှင်ဆီငေးကြည့်မိလိုက်တယ်
စောင်းငဲ့ထားတဲ့ ခေါင်းလုံးလုံးလေးနဲ့အတူ ဝေ့ဝိုက်ကျနေတဲ့ ဝါကျင့်ကျင့်ထူပိန်းပိန်း ဆံပင်လေးတွေ
ပွယောင်းယောင်းရှပ်လက်ရှည်လေးရဲ့အဖျားနားကနေတစွန်းတစမြင်နေရတဲ့ လက်ချောင်းဖြူဖွေးဖွေးလေး အဆက်မပြတ်ရေရွတ်တဲ့ ရွတ်ဆိုသံက Greek ဘာသာစကားလည်းမဟုတ်သလို English လိုလည်းမဟုတ်ပြန်ဘူး ထယ်ယောင်းသိလိုစိတ်နဲ့ အနားတိုးကပ်ကြည့်တော့ ထိတ်လန့်တကြား တုန်လှုပ်သွားတဲ့ ခန္ဓာကိုယ်လေး

" Sorry!"

ကိုယ့်ကြောင့် လန့်သွားတာဖြစ်တဲ့အတွက် ထယ်ယောင်း လက်ကာပြီးတောင်းပန်စကားဆိုလိုက်တယ် ဘာစကားတခွန်းမှမဆိုပဲ ဖြေးညင်းစွာခေါင်းလေးပြန်လည်စောင်းငဲ့သွားသူကြောင့် စိတ်ထဲတမျိုးတော့ဖြစ်သွားရတယ်

WarmlyKde žijí příběhy. Začni objevovat